Love create u and me (68)

11.5K 992 49
                                    

Zawgyi

တစ်ညလုံး အိပ်မပျော်နိုင်တဲ့ ရှောင်ကျန့် သူ့ရင်ခွင်ဆွဲသွင်းခံထားရတဲ့ ကောင်လေးမျက်နှာကိုကြည့်ပြီး အချိန်ဖြုန်းတယ်။

ပါးပြင်ဖွေးဖွေးလေးထက်က အစင်းကြောင်းလိုခြောက်သွေ့နေတဲ့မျက်ရည်စီးကြောင်းရဲ့အဓိကတရားခံက သူသာ။

ဒီနေ့မတိုင်ခင်အထိ သူဟာရီပေါ့်မျက်ရည်တွေကိုမြင်ရမှာကိုကြောက်ရွံ့စိုးရိမ်ခဲ့ဖူးတယ်။ဒီနေ့တော့ သူကိုယ်တိုင်က ထိုမျက်ရည်ဥလေးတွေကို သဘောတကျဖြစ်လွန်းလို့ ထပ်ခါထပ်ခါမြင်ချင်စိတ်နဲ့ စိတ်ကိုလုံးဝလွှတ်ချခဲ့မိသည်မဟုတ်လား။ မရည်ရွယ်ခဲ့ပါဘူးလို့ပြောလဲ ယုံကြမည်မထင်။

နဖူးတဝိုက်တင်ကပ်နေတဲ့ဆံမျှင်တချို့က ချွေးစက်တို့နဲ့စေးကပ်ကပ်။လက်မနဲ့ အသာသုတ်ပေးရင်း နဖူးကျယ်ကျယ်လေးကို အနမ်းတပွင့်ဖိကပ်မိတာ အချိန်တော်ကြာသည်အထိ။နွမ်းနယ်တဲ့မျက်နှာလေးနဲ့အိပ်စက်နေတဲ့ကလေးငယ်နိုးလာရင်တော့ ကိုယ့်မြတ်နိုးခြင်းကိုတဏှာရာဂဟုအမည်တပ်တော့မည်။

ပခုံးထိ​စောင်နဲ့ဖုံးကွယ်ထားတာတောင်မှ အပေါ်ပိုင်းဗလာကျင်းနေတဲ့အသားအရည်က အဖြူ ရောင်ပင်ပျောက်လုလု။ပြွတ်သိပ်နေတဲ့နီရဲရဲအရာလေးတွေက ရီပေါ်ပေးခဲ့ဖူးတဲ့နှင်းဆီပန်းပွင့်ဖတ်လေးတွေနဲ့တောင် ခပ်ဆင်ဆင်။ဝေဆာနေတဲ့အနီရောင်ပန်းခင်းပေါ် နောက်တကြိမ်အလည်သွားလို့ရာ တမက်တမောမွှေးကြူ မိတယ်။

စန္ဒကူးနံ့လေးပျောက်ပြီး နို့နံ့မွှေးမွှေးလေးအပြင်ညှီနံ့တမျိုးပါရနေတဲ့ ကိုယ်သင်းနံ့က ဘာကိုအဲ့လောက် စွဲမက်ဖို့ကောင်းနေမှန်းမသိ။ဒီကလေး သူပြောတဲ့အတိုင်း နွားနို့နဲ့ကြက်ဥ တော့နေ့တိုင်းသောက်နေပုံပင်။

အကြံကြီးတဲ့အမွှေစိန်လေးက ရည်ရွယ်ချက်တမျိုးနဲ့သောက်ခဲ့ပေမဲ့ တကယ်အကျိုးပြုသွားသည်က ရှောင်ကျန့်ပြုသမျှခံနိုင်ရည်ရှိသွားခြင်းသာ။အဲ့လိုအာဟာရရှိတာတွေသာ မသောက်ထားရင် ရှောင်ကျန့်သောင်းကျန်းပုံနဲ့ ဆေးရုံဆေးခန်းပြေးရနိုင်သည်။

လူဆိုး​လေးက အိပ်မ​ပျော်ခင်ထိ အပေါ်မှာနေမယ်ချည်းပဲအော်ဟစ်သွားခဲ့တာကိုတွေးမိတော့ သဘောတကျပြုံးမိရပြန်သည်။

love create u and meWhere stories live. Discover now