Love create u and me (59)

11.5K 1.1K 24
                                    

Zawgyi

Love create u and me (59)


ခွဲစိတ်ခန်းအရှေ့၌ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့လူတယောက်။လူကြီးပီပီ သူသိသမျှဘုရားစာတွေအကုန်ရွတ်ဆိုရင်း အထဲကကောင်လေးကိုဘေးကင်းအောင်ဆုတောင်းပေးနေသည်။

ထိုသူကတော့ အန်တီရှီးဖေ။သားသမီးမထွန်းကားခဲ့တဲ့သူမတို့ဇနီးမောင်နှံအတွက် တူလေးကိုပင် သားအရင်းလေးလိုချစ်ခင်ခဲ့ရသည်မဟုတ်လား။အခုသူမသားလေးက တခါမှစိတ်မကူးခဲ့ဖူးတဲ့ မြေးဦးလေးအတွက် ဒုက္ခခံနေရချိန်ဖြစ်သည်။

ဒီလိုအချိန်မျိုးက ရှီးဖေအတွက် ရတက်မအေးစေ။

အန်တီရှီးဖေကပျာယာခတ်ပြီးစိုးရိမ်တကြီးဖြစ်နေသလောက် ခုံတန်းလျားပေါ်မှာ ထိုင်နေတဲ့ကောင်လေးကတော့ ဒူးခေါင်းပေါ်လက်ဖဝါးနှစ်ဖက်သွယ်ယှက်တင်ထားပြီး အေးဆေးစွာထိုင်နေသည်။

ပြောင်းလဲမှုမရှိတဲ့မျက်နှာထားက ဒီလူသွေးအေးလှချည်လားလို့ထင်ကောင်းထင်နိုင်ပေမဲ့ နိမ့်ချည်မြင့်ချည်လှုပ်ခတ်နေတဲ့ရင်ဘတ်အစုံက နှလုံးသားကောင်းကင်မှာသောကမိုးတွေရွာချနေကြောင်း အထင်အရှား။

"ကျန့်ကျန့်...."

နားထဲမှာခေါ်သံတွေကိုကြားနေရပေမဲ့ ခွန်းတုံ့ပြန်ဖို့ရာဆန္ဒမရှိသလို ခွဲခန်းတံခါးမှန်ကိုသာစိုက်ကြည့်နေတဲ့မျက်ဝန်းအစုံတို့က စိုးရိမ်ခြင်းလေဟာနယ်ထဲလွင့်မျောနေဟန်။

အစကတည်းက ကြုံရမဲ့နေ့တနေ့ဆိုတာသိထားတယ်။ငါးလကျော်စောင့်ဆိုင်းခဲ့ရတဲ့နေ့လေး။အမြဲတမ်းလူ့လောကထဲအခြေချလာမဲ့သံယောဇဉ်ကြိုးလေးကိုကြိုတင်ရင်ခုန်ခဲ့ရပေမဲ့ အခုတော့စိုးရိမ်ရလွန်းလို့ ရင်ဘတ်ထဲမီးမြိုက်ခံနေရသလိုပဲ။

တခုခုမှားယွင်းသွားတာနဲ့ ကျနော့်ဘဝအတွက်အရေးကြီးဆုံးအစိတ်အပိုင်းနှစ်ခု ဆုံးရှုံးသွားလိမ့်မယ်။ဘယ်လောက်အရေးကြီးလဲဆို အဲ့အရာနှစ်ခုမရှိရင် ကျနော်အသက်ဆက်ရှင်နိုင်မှာမဟုတ်တော့ဘူး။

ရီပေါ်ကကျနော့်နှလုံးသားဖြစ်သလို မမွေးသေးတဲ့ကလေးလေးကလဲ ကျနော့်ရဲ့နှလုံးသားရဲ့သွေးကြောမျှင်လေးတခုပေမို့။

love create u and meWhere stories live. Discover now