Love create u and me(62)

12.8K 1.2K 86
                                    

Zawgyi

Love create u and me(62)

ရီပေါ် စားဖိုမှုးအန်တီကြီးလာပေးသွားတဲ့ စားပွဲပေါ်ကကြက်သားစွပ်ပြုတ်ကိုယူလိုက်တယ်။အရသာဘယ်လိုနေမလဲမသိပေမဲ့ စွပ်ပြုတ်တို့သဘာဝအတိုင်းဖြူစုတ်စုတ်ကြီးဆိုတော့ စားချင်စိတ်တောင်ပျောက်သွားတယ်။

ဒီအိမ်ကိုရောက်လာကတည်းက ဒီလူမမာအစားအစာကြီးနဲ့ပဲညားနေတာ ဘယ်နှရက်တောင်ရှိပြီလဲ။အင်း အတိအကျဆို ငါးရက်ပေါ့။

ဆေးရုံကဆင်းတာနဲ့ ကိုယ့်အိမ်ကိုတောင်မပြန်ရဘူး ဒီအိမ်ကိုလိုက်နေရတာ။နေရာအရွေ့အပြောင်းကြောင့် နေသားမကျသေးရာ ညဘက်ဆိုလဲ ကောင်းကောင်းအိပ်မပျော်။

ရီပေါ် စွပ်ပြုတ်ပန်းကန်ကိုစားပွဲပေါ်ပြန်တင်လိုက်ပြီး သက်ပြင်းမောကြီးကိုချလိုက်မိသည်။မွေ့ယာပေါ်ပြန်လှဲအိပ်လိုက်တော့ မျက်လုံးထဲမြင်ရတာက မျက်နှာကျက်အဖြူ ရောင်အစား ရွက်စိမ်းရောင်မျက်နှာကျက်ကြီး။

ကျနော်အခုဘယ်ရောက်နေတာလဲ သိလား။ပေကျင်းမြို့လယ်ခေါင်က ရှောင်မိသားစုပိုင်စံအိမ်ကြီးမှာ။ပြသနာက ဆေးရုံကဆင်းတည်းက ရှောင်ကတော်က သူ့အိမ်မှာလိုက်နေရမယ်ဆိုတာကစတာပဲ။

လက်ထပ်ဖို့ကိစ္စကိုတောင်ခါးခါးသီးသီးငြင်းခဲ့တဲ့ရှောင်ကတော်က ကျနော်တို့သုံးယောက်ကိုသူနဲ့လိုက်နေရမယ်တဲ့။အကြောင်းအရင်းကတော့ စဉ်းစားစရာတောင်မလိုပါဘူး။သေချာပေါက် လုံးလုံးလေးကြောင့်ပဲပေါ့။

ဦးလေးဝမ်ပြောပြလို့ ရှောင်ကတော်က ကျနော့်ကလေးကိုDNAစစ်တယ်ဆိုတာလည်းသိရတယ်။ကျနော့်ဂုဏ်သိက္ခာကိုမယုံကြည်သလိုလုပ်တဲ့အတွက်စိတ်တိုမိပေမဲ့ တွေးကြည့်တော့လဲရှောင်ကတော်မှာအပြစ်မရှိ။

ရှောင်ကျန့်တောင် လုံးလုံးလေးကိုသူ့ကလေးလို့လက်ခံတာ တော်သေးတယ်မလား။ဘာလို့ဆို ကျနော်ကဒေါသကိုရှေ့ထားပြီး ပြောခဲ့တဲ့စကားတွေအများကြီးပဲ။

ဘာတဲ့ *ကျနော့်ဗိုက်ထဲကကလေးက ခင်များသွေးသားပါလို့ ဘယ်သူပြောလဲ.. *။*ကျနော့်မှာကိုယ်ဝန်ရှိနေရင်လဲ အဲ့ကိုယ်ဝန်ကခင်များနဲ့ဘာမှမဆိုင်ဘူး ကျနော်ခင်များကိုမုန်းနေတဲ့အတွက် ကျနော့်ဗိုက်ထဲကကလေးကလဲ ခင်များရဲ့သွေးသားဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး...ကျနော်တယောက်တည်းရဲ့သွေးသားပဲ....*။

love create u and meWhere stories live. Discover now