Zawgyi
Love create u and me(57)
"ရီပေါ်!!!"
ဒေါသတို့်ယှဉ်တွဲမထားသော်လည်း တားမြစ်ဟန်အပြည့်ပါနေတဲ့ ရှောင်ကျန့်အသံခပ်ကျယ်ကျယ်ကြောင့် ထမင်းစားခန်းကြမ်းပြင်ပေါ်လေးဘက်ထောက်ပြီး ကုန်းကွကွလုပ်နေတဲ့ရီပေါ့်ကိုယ်လုံးလေးကတောင့်ခနဲ။
ရှောင်ကျန့် မိမိအသံကျယ်သွားတာကြောင့် တုန်သွားတဲ့ကိုယ်လေးကိုတွေ့လိုက်ပေမဲ့ ထိုကြောက်နေတဲ့ကလေးစုတ်ကို ဒီတခေါက်တော့မတင်းကျပ်လို့မရတော့။
ပေကျင်းကိုပြန်ရောက်ပြီးတည်းက ဒီဗိုက်ကလေးကအရမ်းဆိုးလာသည်လေ။
အခုနောက်ပိုင်းအဖေ့ကုမ္ပဏီမှာ တပတ်ကိုတရက်အလုပ်အကြောင်းသွားလေ့လာနေတာမို့ ထိုရက်မျိုးဆို ရီပေါ့်အနားမရှိပေးနိုင်။
ကိုယ်ဝန်လရင့်လေ စိတ်အားငယ်လေဖြစ်တတ်တဲ့ သဘာဝကိုသိ၍ အိမ်ကကောင်လေးကို ကျနော်မရှိတဲ့အချိန်အားငယ်နေရော့မည်ထင်မိပါလေရဲ့။
ထိုအထင်တွေကို သောက်သောက်စင်လွဲအောင် စံချိန်ချိုးပြလိုက်တဲ့ အဆိုးအဆာလေးက တပတ်ကိုတမျိုးမရိုးရအောင် ပြသနာမျိုးစုံကိုမွှေသည်။
----------------
Flashback to ပထမတပတ်
"အကိုလေး..... "
ကုမ္ပဏီမှာစာရင်းလေ့လာရင်း အိမ်မှာကျန်ခဲ့တဲ့ရီပေါ်ကိုစိုးရိမ်နေစဉ် အဖေ့အတွင်းရေးမှုးမက ဖုန်းကိုင်ပြီး ပျာပျာသလဲပြေးလာသည်။
ခွေးအစွယ်လိုချွန်နေတဲ့ဒေါက်ဖိနပ်ကြီးတဂွက်ဂွက်နဲ့ပြေးလာလေတော့ မောနေသည်ထင် ဟောဟဲဆိုက်ပြီး စကားကိုမပြောနိုင်သေး။
ရှောင်ကျန့်လဲ လုပ်လက်စစာရင်းစာအုပ်ကိုပိတ်ပြီး ထိုအတွင်းရေးမှုးမ စကားပြောလာမဲ့အချိန်ကိုစောင့်နေလိုက်တယ်။
စားပွဲပေါ်မှာ အဆင့်သင့်ရှိနေတဲ့ရေခွက်ကို မြင်ပေမဲ့ လျစ်လျူရှုရင်း။
"...ဟို...အကိုလေး....ဟောဟဲ....အကိုလေးအိမ်...မီးလောင်လို့တဲ့...အယ်...အကိုလေး.."
ပြောလက်စစကားတောင်မဆုံးသေး ထိုင်နေရာကနေ အမြန်ပြေးထွက်သွားတဲ့ အလုပ်ရှင်သားဖြစ်သူက နောက်ကိုတချက်တောင်လှည့်မကြည့်။
YOU ARE READING
love create u and me
Fanfictionအမုန်းတွေရဲ့အဆုံးသတ်မှာ လှပတဲ့ ချစ်ခြင်းတရားကိုတွေ့ရှိနိုင်တယ်