Zawgyi
ရင်ဘတ်ကိုမျက်နှာအပ်ပြီး ငိုနေတဲ့ကောင်လေးက အချိန်အတော်ကြာမှငိုရတာအားရသွားပုံပဲ။ရှိုက်သံဆွေးဆွေးတွေပျောက်သွားပြီး ငိုသံတိတ်သွားတော့တယ်။
ရှောင်ကျန့် လက်ထဲကနာရီကိုငုံ့ကြည့်လိုက်တယ် အရမ်းမကြာပါဘူး 45မိနစ်တည်း။ရီပေါ်ဆိုတဲ့ကလေးကို ဒီလောက်အငိုသန်မှန်းကျနော်လုံးဝမသိခဲ့ဘူး။ကျနော့်ရှေ့မှာအကြိမ်ပေါင်းများစွာငိုဖူးပေမဲ့ လတ်တလောအချိန်လောက်တော့ တခါမှမကြာဖူးဘူး။
ရီပေါ်ကကျနော့်ကိုနာကျင်စေချင်လို့် သူ့ရဲ့နူးညံ့မှုမှန်သမျှကို အမုန်းတွေနဲ့ဖုံးကွယ်ပြီး အေးစက်မှုတွေနဲ့လွှမ်းခြုံ ထားခဲ့တာပေါ့။
ရီပေါ်ရဲ့ပုံစံအစစ်အမှန်ကဘာလဲ။ကျနော် ရီပေါ်ရဲ့ပုံစံအစစ်အမှန် စိတ်ရင်းအမှန်ကိုမြင်တွေ့ချင်တယ်။ကျနော့်ရှေ့မှာပြတတ်တဲ့ အေးစက်စက်ပုံရိပ်မျိုးလုံးဝမဟုတ်ပဲ ဘာဟန်ဆောင်မျက်နှာဖုံးမှမပါတဲ့ အဖြူ ထည်ပုံရိပ်မှန်လေးကိုမြင်ဖူးချင်တာ။
တခြားလူအမြင်မှာမင်းက ကိုယ်နဲ့မခွဲနိုင်လို့ ငိုကြွေးနေတာလို့ထင်လို့ရပေမဲ့ ကိုယ်မထင်ရဲပါဘူး ရီပေါ်။
ကိုယ်မင်းဆီကအမုန်းတွေလျော့သွားဖို့ ထပ်ပြီးမျှော်လင့်မိပေမဲ့ မင်းဆီကအချစ်တွေကိုမျှော်လင့်ဖို့အထိတော့ ကိုယ်သတ္တိမရှိသေးဘူး။
"မငိုပါနဲ့တော့ကွာ မင်းငိုရင်ကိုယ်နာကျင်ရတယ်.."
ကျနော့်ကိုမော့ကြည့်လာတဲ့မျက်ဝန်းလေးတွေက မျက်ရည်ဥတွေ တွဲခိုလို့ရယ်။
"ကျနော့်အနားမှာနေပေးမယ်မလား..."
အရည်လဲ့နေဆဲမျက်ဝန်းညိုညိုတွေက ကျနော့်မျက်လုံးထဲမှာ တစုံတရာ ကိုအဖြေရှာနေပုံပင်..
"မင်းပါးစပ်ကပြောတဲ့စကားမှန်သမျှက ကိုယ့်အတွက်တော့အမိန့်တခုလိုပါပဲကွာ..."
ဘယ်ဘက်ပါးပြင်ပေါ်ကမျက်ရည်စီးကြောင်းလေးကို လက်မလေးနဲ့အသာအယာသုတ်ပေးကာ အဖြေပေးမိတော့ ကျနော့်ရှေ့ကကလေးရဲ့မျက်နှာကပန်းသွေးရောင်ရေးရေးလေး ဖြတ်ပြေးသွားတယ်။
YOU ARE READING
love create u and me
Fanfictionအမုန်းတွေရဲ့အဆုံးသတ်မှာ လှပတဲ့ ချစ်ခြင်းတရားကိုတွေ့ရှိနိုင်တယ်