Zawgyi
နားထဲမှာပြန့်လွင့်လာတဲ့ ဖုန်းalarmသံကျယ်ကျယ်ကြောင့် ရီပေါ်လန့်နိုးလာခဲ့တယ်။
မျက်ဝန်းအစုံကဖွင့်လိုက်တာနဲ့ အပေါက်ဝကိုမျှော်လင့်တကြီးကြည့်လိုက်မိတယ်။ခြေရာလက်ရာမပျက်တဲ့ တံခါးပေါက်လေးက သူပြန်မလာခဲ့ဘူးဆိုတာကိုသက်သေပြနေသယောင်။
ကျစ် မျက်ရည်တွေဝဲလာပြန်ပြီ။ မငိုပါဘူး သူပြန်ရောက်နေလောက်ပါပြီ။ အရင်လို ကျနော့်အတွက်မနက်စာပြင်ပေးနေလို့နေမှာ..။
ထပ်မံဖြစ်ထွန်းလာတဲ့ မျှော်လင့်ချက်လေးတွေနဲ့ ဆိုဖာပေါ်ကနေထလိုက်တယ်။ထမင်းစားခန်းထဲ တလှမ်းချင်းလှမ်းလာတဲ့ ခြေလှမ်းလေးတွေဟာ တယောက်သောသူကိုတွေ့ရဖို့တက်ကြွနေခဲ့တယ်။
သို့ပေမဲ့ မျှော်လင့်တိုင်းသာ ဖြစ်လာခဲ့မယ်ဆိုရင် ထွက်သွားတဲ့ကောင်လေးလဲ ချစ်ခြင်းတရားကို ခံစားဖူးခဲ့လောက်ပြီ။
တိတ်ဆိတ်ခြောက်ကပ်နေတဲ့ထမင်းစားခန်းကြီးက ရီပေါ်ရင်ဘတ်ထဲဆို့နင့်လာစေတယ်။
ကြုံတွေ့နေရတဲ့အခြေအနေတွေအကုန်လုံးက သူတကယ်ထွက်သွားပြီဆိုတာကို ဖော်ပြနေပေမဲ့ ကျနော်မယုံချင်သေးဘူး။
မျက်ဝန်းထဲပြည့်အိုင်နေတဲ့မျက်ရည်တွေက မျက်ရည်မြစ်တွေအဖြစ် ပြင်ပလောကကို လျှံကျလာခဲ့တယ်။
သူတကယ်ပြန်မလာတော့ဘူး။ သူကျနော့်နားကထွက်သွားပြီ။ခင်များ ကျနော့်ကိုထားခဲ့ပြီရှောင်ကျန့်။ခင်များ ကျနော့်ကိုညာသွားပြီ။
ရီပေါ် မျက်လုံးကိုလက်နဲ့အုပ်ကာ အသံတိတ်ငိုကြွေးနေမိတယ်။ရင်ဘတ်ထဲကဝမ်းနည်းမှုတွေ တနင့်တပိုးတက်လာတာနဲ့ နှလုံးသားထဲကနာကျင်နေသလို အသံမထွက်အောင် ရှိုက်ငိုနေတာကြောင့်လဲ ဝမ်းဗိုက်ကတဆစ်ဆစ်စူးအောင့်လာတယ်။
တခါမှမဖြစ်ဖူးတဲ့ နာကျင်မှုကြောင့် ငိုနေတာကိုရပ်ဖို့ကြိုးစားမိပေမဲ့ သူ့အကြောင်းကိုတွေးမိလေ ပိုနာကျင်လေ ပိုငိုမိလေပဲ။
သူ့ရဲ့ဂရုစိုက်မှုတွေ ပြန်အမှတ်ရမိလေ ရင်ဘတ်ထဲကပိုဝမ်းနည်းလာလေပဲ။
YOU ARE READING
love create u and me
Fanfictionအမုန်းတွေရဲ့အဆုံးသတ်မှာ လှပတဲ့ ချစ်ခြင်းတရားကိုတွေ့ရှိနိုင်တယ်