Love, but hurt part 3 ကူညီပေးမဲ့သူ 🍁🍁
ရှုံးသွားသောသူက သူ၏ခေါင်းအားစားပွဲဖြင့် အကြိမ်ကြိမ် ထုရိုက်နေသည်။တစ်ဖက်ရှိ ကောင်လေးက စားပွဲပေါ်ရှိ သူ၏ငွေများကို အိတ်တစ်ခုနှင့်သိမ်းကျုံးထည့်နေပြီးနောက်
"ဟေ့...ဟေ့...ခင်ဗျား.....လုပ်မနေနဲ့တော့။
ကျုပ်လည်း သုံးစားမရတဲ့ ကျွန်တစ်ကောင်မလိုချင်ဘူး။ဖြစ်နိုင်ရင်သာ ဒီလောင်းကစားဝိုင်းကို ထပ်မလာနဲ့။"
"............"
ထိုသူက သူ၏အထုတ်ကို ထမ်းလျက် ထွက်သွားတော့သည်။
.................................
"မင်းလမ်းပျောက်နေတာလား။"
အုတ်တံတိုင်းတစ်ခုပေါ်မှ အသံတစ်ခုကိုအန်းလုကြားလိုက်ရသည်။သူ မော့ကြည့်လိုက်တော့
(ခုနက လူပဲ....)
ထိုသူက ထိုအုတ်တံတိုင်းပေါ်မှ ခုန်ဆင်းလိုက်သည်။အန်းလုက နောက်သို့တစ်လှမ်းခန့် ဆုတ်လိုက်ပြီး
"မပျောက်ပါဘူး။"
"ငါလိုက်ပို့မယ်လေ။တည်းခိုဆောင်တွေက
ဟိုဘက်တစ်လမ်းကျော်မှာ။ ဒီဘက်က ဆက်သွားရင် ဆောင်ကြာမြိုင်တွေပဲရှိတယ်။"
ထိုလူက အန်းလုကို ငုံ့ကာ ပြုံးစိစိဖြင့်ကြည့်ရင်း ပြောသည်။
အန်းလု စလွယ် လွယ်ထားသော သူ၏ အိတ်ကို တင်းကျပ်စွာကိုင်ထားလိုက်သည်။
"ကျွန်တော်မပျောက်ဘူး။ရှေ့မှာကျွန်တော့အိမ်ရှိတယ်။"
"အာ...အဲ့ဒီလိုလား။ ဒါဆိုလည်းပြီးကော။ ငါကမင်းကိုခရီးသွားထင်လို့။ ခုနကလည်း လောင်းကစားရုံမှာတွေ့လိုက်လို့လေ။"
"အင်း...။"
အန်းလုက တရွေ့ရွေ့သွားရင်း ထိုသူကိုပြန်ပြန်ကာ လှည့်ကြည့်နေမိသည်။ထိုသူက အဲ့ဒီနေရာ၌ပင် နံရံကိုမှီလျက် လက်ပိုက်ကာ သူ့ကိုကြည့်ပြီး ရီနေသည်။
အန်းလု နောက်တစ်ခေါက်လှည့်ကြည့်တော့ ထိုလူ အဲ့နေရာတွင်မရှိတော့ချေ။
"ဘယ်ရောက်...."
အန်းလု အမြန်ပင်ထိုနေရာသို့ပြေးလာလိုက်သည်။တဖက်ကိုဆက်သွားလျှင် ထိုနံရံအဆုံး၌ လမ်းကြားလေးတစ်ခုရှိသည်။ထိုထဲမှ အသံတစ်ချို့ကို သူကြားလိုက်ရသည်။ အန်းလု အမြန်ပြေးကာကြည့်လိုက်တော့
