Love, but hurt part 8 ကွဲကွာခြင်း
ချီရှန်းက မြှားကိုအမြန်ရှောင်လိုက်ပြီးေနာက်သူတွန်းလိုက်သောကြောင့် လဲကျသွားသော
အန်းလုအားထူရန် ပြေးသွားလိုက်သည်။
"အန်းလု ဘာဖြစ်သွားသေးလဲ။"
အန်းလုက ချီရှန်းလက်ကိုအားပြုထလိုက်ပြီး
"ဘာဖြစ်တာလဲ ။"
ဘေးဘက်ကိုကြည့်လိုက်တော့ မြေတွင်စိုက်နေသောမြှားတစင်းကြောင့်
"ဟင် မြှား..... မြှားကြီး...။အဲ့တာမြှားမဟုတ်လား။ဘယ်ကရောက်လာတာလဲ။ ကျွန်တော်တို့သေတော့မှာလား။ "
ချီရှန်းက ကြောက်လန့်နေသောအန်းလုအား နှစ်သိမ့်ပေးရန်ပြင်လိုက်စဉ်
"သခင်လေး သခင်လေးတို့
ဘာဖြစ်သွားကြသေးလဲ။ ကျွန်တော်အသံကြားလိုက်လို့လာတာ ဒီနားတဝိုက်ကမူမမှန်ဘူး။"
ရှောင်ရှင်းနှင့် အခြားသူများကရောက်ရှိလာပြီး ဓားများကို အသင့်ကိုင်ဆောင်ထားကြသည်။
ရှောင်ရှင်းက မြေတွင်စိုက်နေသော မြှားကိုမြင်တော့ချက်ချင်းဆိုသလိုပင် အခြားသူများအား
ချီရှန်းနှင့် အန်းလုကိုကာကွယ်ရန်အလျှင်အမြန်ပင် အမိန့်ပေးလိုက်သည်။
"အရှင့်ကို ကာကွယ်ကြ။ ငါတို့....ခြုံခိုတိုက်ခိုက်ခံနေရပြီ။"
အားလုံးကလည်း တစက်မျှပင်သတိမလွတ်စေပဲအသင့်အနေအထားဖြင့် အန်းလုတို့ရှေ့တွင်ကာလိုက်ကြသည်။ချီရှန်းကမူ အန်းလုအား ပုခုံးဖက်၍တက်နိုင်သမျှတင်းတင်းဆုပ်ကိုင်ထားသည်။အန်းလုကတော့ ကြောက်လန့်ကာ မိမိလက်နှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ထားသည်။
ချီရှန်းက တုန်ယင်နေသော အန်းလု၏ကိုယ်အား ပုခုံးကိုထိကိုင်ထားသောကြောင့်
ခံစားမိသဖြင့် အန်းလုကို ငုံ့ကာကြည့်လိုက်ရင်း
"မကြောက်နဲ့။ ကိုယ်ရှိတယ်။"
အနှီးစကားကိုကြားတော့အန်းလုက ချီရှန်းမျက်နှာအား တစ်ချက်မျှမော့ကြည့်လိုက်သည်။
အကြည့်ချင်းဆုံသွားသောကြောင့် ခေါင်းကိုပြန်ငုံ့လိုက်ပြီး ငြိမ်ငြိမ်လေးနေလိုက်သည်။
ချီရှန်းကလည်း အန်းလုကိုတချက်ကြည့်ပြီး
မသိမမြင်နိုင်သော အန္တာရာယ်အား ခက်ထန်သော မျက်နှာပုံစံဖြင့်စောင့်နေလိုက်သည်။
ထိုအချိန်တွင် သစ်ပင်အချို့နှင့်ခြုံနွယ်များကြားမှ ဝတ်ရုံနက်နှင့် လူများရောက်ရှိလာကြသည်။
လူဦးရေမှာ ၅၀ခန့်လောက်ပင်ရှိမည်။အားလုံးကိုယ်စီ မျက်နှာဖုံးများကိုဝတ်ဆင်ထားကြသ
ဖြင့် ရုပ်ရည်သွင်ပြင်ကို ခန့်မှန်း၍မရနိုင်ကြပေ။
