Part 9

0 0 0
                                        

Love, but hurt part 9 🍁🍁နောင်တရနိုင်လား

"ခဏလေး။"

"အန်းလု ဘာဖြစ်လို့လဲ။"

ကျီချန်းက လှည်းအတွင်းမှ ခေါင်းပြုူထွက်လာသောအန်းလုအား လှည့်ကြည့်ပြီး မေးလိုက်သည်။

"ကျွန်တော် ပြန်သွားမှဖြစ်မယ်။"

"အန်းလု ဘာတွေတွေးနေပြန်တာလဲ။ ကိုယ်တို့ထွက်လာတာပဲအတော်ဝေးနေပြီလေ။
ပြီးတော့မင်းအခုဘာလုပ်ဖို့စဉ်းစားနေတယ်ဆိုကိုရောသိရဲ့လား။မင်းကို သူပြောတဲ့စကားကိုမင်းမကြားဘူးလား။မင်းအခုပြန်သွားရင် သူကမင်းကိုသတ်မှာနော်။"

အန်းလုက မျက်လုံးတချက်မှိတ်လိုက်ပြီး

"ဟုတ်တယ်။ကျွန်တော်သိတယ်။ဒါပေမဲ့သူ...သူအခု အဆိပ်မိထားတယ်လေ ။ဘာပဲပြောပြော ကျွန်တော်တို့သူ့ကိုမထားခဲ့သင့်ဘူးလို့ထင်တယ်။"

အန်းလုတယောက် ချီရှန်းဆီမှထွက်ပြေးလာခဲ့ပြီး လမ်းတလျှောက်လှည်းပေါ်တွင်
တည်ငြိမ်နေသော်လည်း အတွေးကမ္ဘာကြီးမှာလုံးဝပင်ရပ်တန့်မရဖြစ်နေခဲ့သည်။
သူနောက်ဆုံးမြင်တွေ့ခဲ့ရသည့် ထိုသူ၏ ဒေါသပေါက်ကွဲနေသောမျက်ဝန်း၊တုန်ရီနေသော သွေးစွန်းးနှု​​တ်ခမ်း၊ ကြိုးစားကာလျှောက်လှမ်းနေသောဒယိမ်းဒယိုင်ခြေလှမ်း ၊
အကူအညီမဲ့နေသော ယိုင်နဲ့နဲ့ ခန္တာကိုယ်နှင့်
ပြီးတော့ ထိုသူပြောခဲ့သည့် ခြိမ်းခြောက်စကားသံ။ ထိုစကားသံကိုပင် နားစည်ထဲ၌အထပ်ထပ်ကြားယောင်နေခဲ့ရသည်။

မတ်မတ်ထိုင်ကာ ဒူးနှစ်ဖက်ပေါ် လက်တင်ရင်း
ထိုလက်နှစ်ဖက်ကပဲ ဒူးခေါင်းအား တင်းတင်းဆုပ်ကိုင်ထားမိနေသည်။

ချီရှန်း၏ အနှီ *မင်းကိုကိုယ်ပြန်တွေ့ရင် သတ်ပစ်မှာ *ဟူသောစကားသည် အန်းလု၏ရင်အား နှိုးဆွလျက်ရှိသည်။သို့သော် အတွေးများကလည်း လဲကျသွားသောထိုသူ၏နောက်ဆုံး ပုံရိပ်ကိုသာမြင်ယောင်ရင်း ထိုပုံရိပ်ကသာ ပိုမို၍ အန်းလု နှလုံးသားအားကြီးစိုးလာသည်။ နာကျင်လာရသည်။ အန်းလုနားမလည်နိုင်သည့် ခံစားချက်များ ထိုသူနှင့်ပို၍ဝေးကွာလာလေလေ ပို၍မအီမသာခံစားလာရလေဖြစ်နေတော့သည်။ မိမိရင်ဘတ်အားထုရင်း သက်သာစေအောင်လုပ်သော်လည်း မရနိုင်သဖြင့်ကျီချန်းအား လှည်းကိုရပ်တန့်စေပြီး
ထိုနေရာသို့ပြန်သွားရန်ပြောလိုက်ခြင်း။

Just saving itWhere stories live. Discover now