Love,but hurt part 32 ရာဇဝင်တွင်မဲ့ရန်ပွဲ 🍁🍁
"အန်းလု....ကျီချန်းရော..."
"အကိုချန်းလား...ရှန်းရှန်းနဲ့အပြင်ထွက်သွားတယ် သူတို့ဆွေးနွေးစရာရှိလို့ထင်တယ်"
မနက်စောစောအချိန်တွင် ကျီယွမ်ကအိပ်ရာမှထလာပြီးအပြင်သို့ထွက်လာလိုက်သည်။
ကျီချန်းအားမမြင်သဖြင့်ကွတ်ပျစ်ပေါ်တွင် ထိုင်နေသောအန်းလုတို့အားမေးလိုက်လေသည်။
အန်းလုတို့ နေ့လည်စာချက်ရန်အတွက်ပြင်ဆင်နေကြသည်။
တာဝန်ကိုယ်စီဖြင့် အဘွားက ဟင်းချက်ပြီးအန်းလုနှင့်ရှီရှီကမူ အသီးအရွက်များကိုကူနွှင်ပေးနေသည်။
ကျီယွမ်က အန်းလုဘေးတွင်ဝင်ထိုင်လိုက်ပြီးပြုံးလျက်
"အန်းလု....ငါနင့်အကြောင်းတွေနားနဲ့မဆန့်အောင်ကြားခဲ့ရဖူးတယ်။ ဒီလိုဆိုတော့လည်းနင်ကသူပြောသလို တကယ်ချစ်ဖို့ကောင်းတာပဲ"
အန်းလုကထိုစကားကိုကြားတော့
"အကိုချန်းက ကျွန်တော့်အကြောင်းကိုဘာတွေများပြောထားလို့လဲ..ပြီးတော့ကျွန်တော်က အဲ့ဒီလောက်မကောင်းပါဘူးဗျာ ဒီအတိုင်း......."
"ဒါနဲ့နင် ငါ့အကိုပေါ်ကိုဘယ်လိုသဘောထားလဲ"
အန်းလုက နွှင်လက်စအရွက်လေးကိုခဏ ရပ်ထားလိုက်ပြီး
"အင်း.....အကိုချန်းကတကယ်ကောင်းတဲ့သူတယောက်ပါ။ ကျွန်တော့အပေါ်ကိုလည်း
ညီလေးတယောက်လိုဂရုစိုက်တယ်။
ဒါတောင်ကျွန်တော်တို့ကသွေးသားမတော်ဘူး ပြောရရင်ကျွန်တော်ကံကောင်းတာပေါ့။"
"အဲ့ဒီတော့ နင်ကသူ့ကို အကိုကြီးတယောက်လိုချစ်ခင်တယ်ပေါ့"
"သူကတကယ်ကောင်းတဲ့အကိုတယောက်ပါကျီယွမ်ကိုရော အရမ်းချစ်တယ်မလား သူကကျီယွမ် အကြောင်းကိုပြောဖူးတယ်"
ကျီယွမ်က လက်ခါပြလိုက်ပြီး
"ဟားဟား မဟုတ်တာ သူက အဝေးမှာရှိနေလို့သာ တ နေတာ။ငါတို့ကတွေ့တာနဲ့ရန်ဖြစ်ကြတာချည်းပဲ"
"အဲ့ဒါတော့ကျွန်တော်လည်းသိတယ်ဗျ..ရန်ဖြစ်တဲ့မောင်နှမတွေက ပိုပြီးချစ်ကြတယ်"
