Love, but hurt part 31 မင်းသာခွင့်ပြုရင် 🍁🍁
"လာတော့ ဒီနားလာထိုင်..."
"........."
ကျီချန်းနှင့် ရှောင်ရီတို့ ချိုက်အန်း မြို့ပြင်ရှိစားသောက်ဆိုင် တစ်ခုတွင်ဝင်နားကြရင်း ကျီချန်းက လက်ဖက်ရည်သောက်နေရင်းမှပြောလိုက်သည်။
ရှောင်ရီကလည်း ကျီချန်းဘေးတွင်မတ်တပ်ရပ်လျက် အသင့်အနေအထားဖြင့်ရှိနေသည်။
ကျီချန်းထိုစကားပြောလိုက်သည်နှင့်သူတို့၏ နှစ်ခုံကျော်ထောင့်ဘက်စားပွဲနားမှယောက်ျားလေးတစ်ဦးထလာပြီးသူတို့ဆီသို့ တည့်တည့်လျောက်လာသည်။
ထိုသူက ကျီချန်းနားရောက်သည်နှင့်အမြန်ပင်ထိုင်ချလိုက်ပြီးဆူပုတ်ပြနေသည်။
ကျီချန်းက လက်ဖက်ရည် သောက်နေရင်းပင်
"ဘယ်ချိန်ထဲကတစ်ကောက်ကောက်လိုက်နေတာလဒ"
"နင်ထွက်သွားတည်းကငါလိုက်လာတာ မသိသာအောင် ဒီလိုပုံစံတောင်ဝတ်စားထားတဲ့ဟာကို ဘယ်လိုလုပ်သိသွားတာလဲ"
"ငါကနင့်အကိုပါ....နင့်လောက်ကတော့ ကဲပြောစမ်းနင့်ဘာသာ ထွက်လည်တာဆိုရင်တော့
ငါ့နောက်လိုက်မှာမဟုတ်ဘူး။နင်ဆန့်ကျင်ဘက်ကိုသွားမှာပဲ။ဘာလဲ ဦးရီတော် ကလိုက်လာခိုင်းတာမလား"
"နင် မှန်းတာတကယ်မှန်တယ်သူငါ့ကို ဒါလိုက်ပေးခိုင်းတာ"
ကျီယွမ်က သူမ၏ ဝတ်ရုံအတွင်းမှသဝဏ်လွှာ တစ်စောင်အား ထုတ်ပေးလိုက်သည်။ကျီချန်းကကြည့်ပြီး
"ဘာကြီးလဲ "
"ဖိတ်စာလေ...ချိုက်အန်းက ဘုရင် မိဖုရားခေါင်ကြီး တင်မြှောက်ပွဲ နောက်တစ်ပတ် ကျင်းပမှာ"
ကျီချန်းက ထိုစာအားဖတ်လိုက်ပြီး
"ဦးရီတော် က မဟာမိတ်ပါဖွဲ့စေချင်တဲ့ပုံပဲ အင်း.....ငါသွားရမှာပေါ့ "
"ငါလည်း လိုက်မှာနော်....အခုတော်ကောက်တဲ့မိဖုရားကအရမ်းလှတယ်တဲ့။ပြီးတော့ သူ ့မှာ မိဖုရားတွေပေါမှပေါ ငါတစ်ယောက်လောက်ပြန်ပေးဆွဲမလားလို့"
"အမလေး....တော်ပါတော်ပါ မင်းသမီး ရဲ့ အချိုးတွေကို ကိုယ့်အိမ်မှာပဲကိုထားခဲ့ပေးပါ ဘာပြဿနာမှမရှာပါနဲ့ခင်ဗျာ"
