Love, but hurt part 5 တိုက်ခိုက်ခြင်း 🍁🍁
"ရပြီ။ မင်းအရင်ပြန်နှင့်လိုက်တော့။"
ချီရှန်းက ဆိုလိုက်သည်။ ကျီချန်းကဂါရဝပြုလိုက်ပြီး
"ဟုတ်ကဲ့ပါ သခင်လေး ကျေးဇူးတင်ပါတယ်။
ကျွန်တော်သွားလိုက်ပါဦးမယ်။"
ကျီချန်းတယောက် ချီရှန်းနှင့် ရှောင်ရှင်း အားနှုတ်ဆက်ပြီးနောက် ထွက်ခွာသွားတော့သည်။
ထို့နောက်တွင် ချီရှန်းက
"ရှောင်ရှင်း မင်းရောဘယ်လိုထင်လဲ သူ့ကို။"
"ကျွန်တော်လည်း သေချာတော့မသိဘူး။ ဒါပေမဲ့ သူ့ကိုကျွန်တော်တို့အပြည့်အဝယုံကြည်လို့တော့မရလောက်ဘူး။"
"အင်း....ယုံကြည်စရာလည်းမလိုပါဘူး။"
ရှောင်ရှင်းက သူ၏စကားအားထပ်မံဖြည့်စွက်လိုက်သည်။
"ဒါပေမဲ့ သူက ဓားပြတွေနဲ့တော့ပတ်သက်မှုမရှိဘူးလို့တော့ထင်တယ်။မြို့ထဲမှာ သူ့ရဲ့နာမည်နဲ့ မေးလိုက်ရင် မသိတဲ့သူမရှိဘူး။သူကဒီမြို့ကိုရောက်တာမကြာသေးဘူးလို့ပြောတယ်။ မိသားစုနဲ့ပတ်သတ်ပြီး သူပြောသလိုဟုတ်မဟုတ်တော့ အတည်ပြုမရနိုင်ဘူး။အဲ့ဒီကိစ္စကို စျေးထဲမှာ မေးမြန်းလို့မရဘူး။ ဒါပေမဲ့ သူက အလောင်းကစားမက်ပြီး သူတစ်ပါးကိုကူညီတတ်တဲ့သူတစ်ယောက်ဆိုတာတော့ အားလုံးနီးပါးက ပြောကြတယ်။ "
ချီရှန်းက လက်တစ်ဖက်ကိုနောက်ပစ်ပြီး
ကျန်တစ်ဖက်ကို မေးစေ့ကို ဖွဖွလေးပွတ်သပ်နေသည်။
"အဲ့ဒါ ကြောင့်လည်း ငါသူ့ကိုဒီစစ်ဆင်ရေးမှာ
ပါဝင်ခွင့်ပေးလိုက်တာ။ သူ့စွမ်းရည်ဘယ်လောက် ရှိသလဲဆိုတာ ငါတို့မနက်ဖြန်ကိုယ်တွေ့မြင်ရမှာပဲ မဟုတ်လား။ "
ရှောင်ရှင်း ကသဘောပေါက်သွားဟန်ဖြင့်
"ကျွန်တော်မျိုး သဘောပေါက်ပါပြီ အရှင်။"
တစ်ဖက်တွင်
အန်းလုတစ်ယောက် စားပွဲပေါ်တွင်လက်ထောက်ပြီး မေးစေ့ကို ထိုလက်ပေါ်တင်
ထားသည်။အန်းလု၏ ဘဝကြီးက အထီးကျန်သည့်အပြင် ပျင်းဖို့ကလည်းကောင်းနေသည်။
နေ့တိုင်း ဤအခန်းထဲတွင်သာ ကုန်ဆုံးနေရသည်မှာ အလွန်စိတ်ပျက်စရာကောင်းလှသည်။ရုတ်တရက် ဆိုသလိုပင်သူ၏ အတွေးများကိုအသံတစ်ခုက ဝင်ရောက်နှောင့်ယှက်လိုက်သည်။
