Love,but hurt part 21 ပြောပြမရနိုင်တဲ့ခံစားချက်ကြီး 🍁🍁
"အန်းလု....ဘာလုပ်နေတာလဲ တစ်ယောက်တည်း"
အန်းလု လက်ရှိနေနေသောချီရှန်း၏ မိခင် မိဖုရား ရှန်ယွီ ၏ အဆောင်တော်နှင့်မနီးမဝေးတွင်ရှိသော
ထိုမိဖုရား ပျောက်ကွယ်သွားသည်ဟုဆိုေသာရေကန်၏ အစပ်နားတွင်
ထိုင်ကာ ကန်ထဲသို့ ခဲလုံးလေးများအား ပစ်ပေါက်နေသည်။
ကန်ထဲတွင် ကြာပန်းများဖူးပွင့်နေကြပြီး ကြာခွက်လေးများပါပေါက်ရောက်နေကြေသးသည်။
စိတ်ပျက်လက်ပျက် တွေဝေနေသောအန်းလုအား အပျိုတော်အဆောင်မှပျောက်သွားသဖြင့်
အားလော့လိုက်ရှာရင်း ရောက်လာခြင်းဖြစ်သည်။
အားလော့က အန်းလုကိုတွေ့တော့ ဘေးနားသို့ ရောက်လာလိုက်ပြီး အန်းလုဘေးတွင်
ဝင်ထိုင်လိုက်သည်။
"အန်းလု ငါနင့်ကိုလိုက်ရှာနေတာခဏနေရင် အရှင် ညနေစာသုံးဆောင်ဖို့
ငါတို့လုပ်ပေးရတော့မှာလေ ပြင်ထားတော့နော်"
အန်းလုက သက်ပြင်းချရင်းနှင့်ပင် ခဲလေးတစ်လုံးအား ရေကန်ထဲသို့လှမ်းပစ်ရင်းပြောလေသည်။
"ေလာ့လော့ အစကငါ ဒီရေကန်ကိုတွေ့ရင်အရာအားလုံးအဆုံးသတ်ပြီလို့ထင်ခဲ့တာ
အခုတော့ငါ့ရဲ့ ဦးတည်ချက်ကဘာလဲ ဆိုတာတောင်ပျောက်နေခဲ့ပြီ။
ကြည့်ပါအုန်း ဒီရေကန်က သိပ်မကျယ်ပေမဲ့အရမ်းနစ်မဲ့ပုံပဲ မိဖုရားရှန်ယွီ ခုန်ချရဲတဲ့သတ္တိကို
ငါတကယ်လေးစားတယ် ငါလည်း သူ့လို စွန့်လွှတ်နိုင်ခဲ့ရင်ကောင်းမယ်"
အားလော့ကတော့ အန်းလုပြောသည့်စကားများအားနားမလည်ပေ။သူမထင်သည်က အန်းလုသည်
ရေမကူးတက်သည့်အတွက်ရေနစ်မည်ကို ကြောက်ရွံ နေသည်ဟူ၍။
အမှန်ကမူ ချီရှန်းသည်အန်းလုအား အားလော့တို့၏အသက်များဖြင့်ခြိမ်းခြောက်ထားခြင်းဖြစ်သည်။
သူ့အနေနှင့် ယခုချီရှန်းသည်လွန်ခဲ့သောခြောက်လခန့်က ချီရှန်းနှင့်သိပ်မတူတော့ဟု သူထင်မိသည်။
ချီရှန်း သည် မထင်မှတ်ထားလောက်အောင်ပင်အများကြီးပြောင်းလဲသွားသည်ဟုသူခံစားနေရသည်။
ထိုအကြောင်းတွေးနေသည်မှာလည်းကန်ဘေးနားရှိ ခဲများအားလုံးပင်
ပြောင်ခါနီးနေပြီဖြစ်သည်။
