Love, but hurt part 19 စိတ်ဆိုးနေခြင်းသည်ကား 🍁🍁
ချီရှန်းက ကိုင်ထားသောလက်ဖက်ရည် ခွက်အား စားပွဲပေါ်သို့ချလိုက်ပြီးအန်းလုအနားသို့လျှောက်လာလိုက်သည်။ချီရှန်း တစ်လှမ်းတိုးလာသည့်အချိန်တိုင်းအန်းလု၏ရင်ခုန်နှုန်းမှာ ဆယ်ဆနည်းပါးပိုမြန်လာပြီး
ခြုံထားသောစောင်ကိုသာ အားပါပါနှင့်ဆွဲလိမ်နေတော့သည်။
ချီရှန်းက အန်းလုအနားတွင် ဝင်ထိုင်လိုက်ပြီး အန်းလု၏နား နားသို့ကပ်၍
"ပြန်တွေ့ရတာ ဝမ်းသာပါတယ်နော်.......... ချီ....အန်း....လု...."
အနှီ ချီရှန်းပြောလိုက်သည့် စကားအနက်နောက်ဆုံးသုံးလုံး၏ အသံသည်
ထိုအမည်၏ပိုင်ရှင်အား တစစီ ဆွဲဖြဲကာအသေသတ်ပြစ်ချင်နေသည့် အသံမျိုးဖြစ်နေသည်။
အန်းလု ခေါင်းကိုသာ ငုံ့ထားပြီးတစ်ကိုယ်လုံးကလည်းတုန်ယင်နေသည်။
ထို့နောက် ရှိသမျှအင်အားကိုစုစည်းလိုက်ပြီးတိုးဖြော့လှသောအသံတစ်ခုကိုထုတ်လိုက်သည်။
"ကျွန်...ကျွန်တော်မှန်း ဘယ်လို...လုပ်ပြီးသိတာလဲ။"
ချီရှန်းက အန်းလုအနားမှပြန်ခွာလိုက်ပြီးလက်နှစ်ဖက်အား ကုတင်ပေါ်သို့
နောက်ပြန်ထောက်ထားလိုက်သည်။
"ငါက ဘုရင်တစ်ပါးပါ......မင်းလို လူတယောက်လောက်ကိုတော့
အချိန်တိုအတွင်းမှာရှာတွေ့နိုင်တယ် ဒါနဲ့ မင်းငါ့ကို အကြွေးပြန်မဆပ်ရသေးဘူး နော်
မှတ်မိလားတော့မသိဘူး"
အန်းလုကခေါင်းကို အမြန်ပင်မော့လိုက်ပြီး
ချီရှန်း၏ နောက်ပစ်ထားသော လက်တဖက်၏လက်မောင်းနားအား ဆုပ်ကိုင်လိုက်သည်။
"ကျွန်တော်ပေးမယ် ကျွန်တော်အခုပြန်ဆပ်မယ် ကျွန်တော့မှာ ပိုက်ဆံရှိနေပြီ
ဒါ...ဒါ....ဆို ကျွန်တော်တို့အကြွေးကျေပြီပေါ့နော် ဟုတ်တယ်မလား"
ချီရှန်းက လာရောက်ဆုပ်ကိုင်ထားသောအန်းလု၏ လက်အား ခါချလိုက်ပြီးကုတင်ပေါ်မှ ထလိုက်သည်။
လက်နှစ်ဖက်ကို နောက်ပစ်ထားလျက်ပင်အန်းလုကိုကျောခိုင်းကာ
"အသပြာ ၁၀၀လား။ အဲ့ဒီတုန်းကတော့၁၀၀ပေါ့ ။အခု အတိုးပါ ပါရင် ၁၀၀၀၀
ဒါတောင် တခြား အကြောင်းတွေမပါသေးဘူး။"
