Love, but hurt part 7 မေဘယ်လ်ရွက်ကြွေတွေကြားကအပြုံးတစ်ပွင့် 🍁🍁
ချီရှန်းက ထိုနေရာမှ ထွက်လာပြီးနောက် မြင်းကိုနှင်ကာ စံအိမ်တော်သို့ တစ်ယောက်တည်းပြန်လာခဲ့သည်။ စံအိမ်သို့ ရောက်ရောက်ချင်းလှမ်းမိသည့်ခြေလှမ်းများက အန်းလု၏အခန်းဆောင်ဘက်သို့သာ။
အခန်းဝတွင် တစ်ဖက်တစ်ချက်စီ၌ တည်ငြိမ်စွာရပ်နေသော လန်ရှားနှင် ချန်ရီက ချီရှန်းအား မြင်သည်နှင့် ပြေးလာကာဂါရဝပြုလိုက်ကြသည်။
"အရှင့်ကို ဂါရဝပြု ပါတယ် ။"
ချီရှန်းက ခေါင်းကိုအသာြငိမ့်ပြလိုက်ပြီးအခန်းတွင်းသို့ဝင်ရန် တံခါးဖွင့်လိုက်သည်။ လန်ရှားတို့ကမူ အပြင်တွင်သာ ပြန်လည်ရပ်နေလိုက်သည်။
ဝင်ဝင်ခြင်းတွေ့နေရသည်က ရှုပ်ပွနေသောအခန်းစားပွဲပေါ်ရှိ ရေနွေးအိုးနှင့်ပန်းကန်လုံးအချို့တို့ကွဲသည်က ကွဲ၊ မှောက်သည်က မှောက်ကာ အမျိုးမျိုးဖြင့် အစများကလည်းပြန့်ကျဲနေသည်။ ထို့အပြင် ခေါင်းအုံးနှင့် စောင်တို့မှာလည်း ကုတင်ပေါ်တွင်မရှိ။ကြမ်းပြင်၌သာ။ အိပ်ယာခင်းမှာလည်း တွန့်လိမ်နေသေးသည်။
ဘေးကိုကြည့်လိုက်မိတော့ တံခါးရွက်၏ ဘေးထောင့်နားတွင် ခွေခွေလေးအိပ်ပျော်နေသော အန်းလုအားတွေ့ရသည်။ ချီရှန်းက တံခါးကို အထဲမှ ပိတ်လိုက်ပြီးအန်းလုအနားသို့သွားကာထိုင်ချလိုက်သည်။ထို့နောက် အိပ်ပျော်နေသောအန်းလု၏ နှဖူးတစ်ဝိုက်ရှိဆံနွယ်တို့ကို အသာသက်တင်ပေးလိုက်ပြီး။
(ဘာတွေများ စိတ်အလိုမကျဖြစ်နေပြန်တာလဲ.....။)
အန်းလုအား လက်ဖြင့်အသာတို့ပြီးနှိုးလိုက်သည်။
"အန်းလု ထ.. ထ...ထတော့လေ"
"အင်း.........ခဏလေး...အမေ...ငါးမိနစ်.....ငါးမိနစ်ပဲ."
အိပ်ချင်နေသောအသံဖြင့်ပင် အန်းလုက လက်ငါးချောင်းထောင်ပြလာသည်။ ချီရှန်းက ထိုလက်ငါးချောင်းကို သူ၏လက်ချောင်းများဖြင့်ရစ်ပတ်စေကာ ဆုပ်ကိုင်လိုက်ပြီး။
"အန်းလု ဘာတွေပြောနေတာတုန်း ထတော့ လို့ ။"
အန်းလု မျက်စိတဖြည်းဖြည်းဖွင့်လာပြီး ချီရှန်းကို မြင်လိုက်ရတော့ ဆုပ်ကိုင်ခံထားရသော လက်ကိုလွတ်ရန် အရင် ရုန်းထွက်ဖို့ ပြင်လိုက်သည်။ ချီရှန်းကအလွတ်မပေးဘဲ ထိုလက်ကိုဆွဲလိုက်ပြီး အန်းလုအားဖက်လိုက်သည်။
