အခန္း / ၂(z&u)

1.5K 98 4
                                    


""""""""""""""""""""""""
(Unicode)

""""""""""""
ညကိုဘယ်လောက်ပဲနောက်ကျမှအိပ်အိပ် မနက်ဆို 7 နာရီဆိုနိုးတတ်တဲ့သူ့အကျင့်ကြောင့်
သတိရရခြင်း သူ့ဘယ်ဘက်ဘေး
အိပ်ရာကိုကြည့်လိုက်ပေမယ့်
လူမရှိ.....

ညကပြန်မလာတာလား.....

ပြောရရင် ပြီးခဲ့တဲ့တစ်နှစ်အတွင်း
အပြင်မှာတစ်ခါမှမအိပ်ဖူးတဲ့ Krist ကြောင့် ညကပြန်မလာဟုသိရတဲ့အခါ..
မကျေနပ်စိတ်လေးကဝင်လာသည်.

စိတ်ကောက်တာနဲ့ပဲ အပြင်မှာအိပ်တယ်
ပေါ့.....

နေပေါ့...ဂရုစိုက်လို့.....

ရေမိုးချိုး ရုံးသွားဖို့အဝတ်စားလဲလှယ်ပြီး
မနက်စာစားဖို့ရာ အောက်ကိုဆင်းလိုက်
တယ်...

"အစ်ကိုလေးရော မနိုးသေးဘူးလား...ဆရာ...''

သူ့ရှေ့ ကော်ဖီခွက်ချပေးပြီးမေးတဲ့ နွန်ကြောင့် ခဏတော့မှင်သက်မိသွားတယ်...

"သူ ညကအပြင်သွားတာပြန်မလာဘူး
လေ...''

နွန်မသိအောင်ထွက်သွားတာမို့ပဲ
ဖြစ်ရမယ်...

"ညက...ဆရာပြန်ရောက်ပြီးမှ သွားတာလား....''

ပြဿနာများဖြစ်ကြလို့လားလို့ နွန့် ရင်ထဲ
တွေးပူမိသွားတယ်...

"မဟုတ်ပါဘူး..ကျွန်တော်ပြန်ရောက်ထဲကသူမရှိတာ..နွန်မသိလိုက်ဘူးလား...''

"ရှင်.....မဟုတ်ပါဘူး....ဆရာ့ကို အစ်ကို
လေးစောင့်နေတာ ဘယ်မှမသွားဘူး..''

ပြောလည်းပြော အပေါ်ထပ်ကိုပြေးတက်သွားတဲ့ နွန် ကြောင့် သူလည်းနောက်ကလိုက်သွား
လိုက်တယ်....

သူတို့အခန်းထဲဝင်သွားပြီး အဝတ်လဲခန်း
ရေချိုးခန်းတွေကိုဖွင့်ကြည့်နေတာမို့..

"သူ အဲ့ထဲမှာမရှိပါဘူး...''

သူပဲ ရေချိုးအဝတ်စားလဲ ပြီးပြီကို...

"ဒါဆို လသာဆောင်....အမလေးလေး...''

ရင်ဘတ်ဖိပြီး လသာဆောင်ဘက်ပြေး
ထွက်သွားလေတဲ့နွန်

သူ့မှာတော့ အခြေအနေကိုနားမလည်နိုင်

"အစ်ကိုလေး.....အစ်ကိုလေး.....ထပါဦး..''

Rewrite the StarsWhere stories live. Discover now