အခန်း/ ၄၄(unicode)

520 51 6
                                    

"""""""""""""""""

ထူးဆန်းတယ်....

တကယ်ကိုထူးဆန်းတယ်...
ဒီလူနဲ့တွေ့တာ ခုမှသုံးခါမြောက်ဆိုပေမယ့် စိမ်းသက်ပြီးအားနာရတယ်လို့မခံစားရဘူး

သူ့ (Phi Singto) ရဲ့အိပ်ရာကိုအပိုင်စီးပစ်လိုက်ရတာတောင်မှလေ...
Krist ကို သူ့အိပ်ရာမှာအိပ်စေပြီး အပြင်ဧည့်ခန်းမှာ ထွက်အိပ်ရတဲ့အိမ်ရှင်ကို သူဘယ်လိုတောင်အားမနာရတာလဲ

ပြီးတော့
ခုထိသူခွေနေဆဲအိပ်ရာကရတဲ့ အနံ့
သူ့အတွက် တခြားလူရဲ့အိပ်ရာမှာဝင်အိပ်မိတာမျိုးမရှိခဲ့ဖူးဘူး..အဲ့ဒီတော့ အိပ်ရာမှာ အနံ့အသက်စွဲကျန်နေတာမျိုးကိုလည်းသတိမထားမိခဲ့ဘူး..
ခုတော့ သူသိပြီ..
သူနဲ့မသက်ဆိုင်တဲ့အနံ့ကိုဒီအိပ်ရာကရနေတယ်..

ဒါက Phi Sing ရဲ့ကိုယ်ပိုင်အနံ့လို့ပြောလို့ရလား....
ဘာလို့.....
ဘာလို့ ရင်းနှီးနေတဲ့အနံ့လိုမျိုးခံစားနေရတာလဲ..

ဒီလူက သူ့အတွက်တော့
အဖြေမသိရသေးတဲ့မေးခွန်းတွေ သယ်ဆောင်လာတဲ့သူ

ပြီးတော့
သူထပ်ပြီးသတိထားမိတာက အိမ်မက်တွေထပ်မမက်တော့ဘူးဆိုတာပဲ....
Phi Sing နဲ့ပထမဆုံးစတွေ့တဲ့နေ့ပြီးထဲက အဲ့ဒီကျောပြင်ကိုထပ်မမက်ခဲ့တော့တာ..
ဒါက သူ့နှလုံးသားရဲ့ဆန္ဒကပြီးမြောက်သွားတဲ့သဘောပဲလား..
Phi Sing ကတကယ်ပဲအဲ့ဒီကျောပြင်ပိုင်ရှင်ပဲလား...

မကြာခင်မှာတော့ သူသိရတော့မယ်ထင်တာပါပဲ...

ခဏအကြာမှာတော့ သူထလိုက်ပါတယ်
မနေ့ကမပြောလိုက်ရတဲ့စကားတွေ
မမေးလိုက်ရတဲ့မေးခွန်းတွေအတွက် ဒီနေ့လုပ်ရမယ်မဟုတ်လား...
တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ပြီးတာနဲ့ အနွေးထည်ထူထူဝတ်လိုက်ပြီး အခန်းအပြင်ဘက်ထွက်လာခဲ့လိုက်တယ်..
ဆိုဖာပေါ်မှာ ခေါက်ထားတဲ့စောင်နဲ့ခေါင်းအုံးတစ်လုံးကိုတွေ့ရတော့ သူပြုံးမိသွားတယ်..

ညက သူအိပ်လို့ကောင်းခဲ့သလောက်
Phi Sing လည်းအိပ်ပျော်ခဲ့ပါ့မလား..
ကျောတွေပါနာနေမယ်ထင်တယ်..

လူကိုရှာမိပေမယ့် အိမ်ထဲမှာရှိမနေဘူး..
အဲ့ဒီတော့သူလည်းအိမ်အပြင်ဘက်ထွက်ခဲ့လိုက်တော့တယ်

Rewrite the StarsWhere stories live. Discover now