အခန်း/ ၅၁

515 39 1
                                    

""""""""""""""""""""

" မင်း သွားချင်တဲ့နေရာရှိလား Aus
ဒီနိုင်ငံနဲ့ဝေးတဲ့နေရာတစ်ခုခုပေါ့...
Jade ဘယ်လိုမှရှာမတွေ့နိုင်တဲ့ ထိ ရှာရခက်တဲ့နေရာမျိုး...''

ပြုံးရုံသာပြုံးနေသည့် Austin ကို Krist သိပ်အားမရ
ဟိုလူယုတ်မာကောင်ရဲ့သစ္စာဖောက်ခြင်းကိုခံနေရတာတောင်မှ
ချစ်နေပါသေးတယ်လို့တော့သူ့ကိုလာမပြောနဲ့....
နှစ်ယောက်လုံးကိုဒေါသထွက်လွန်းလို့ သူသွေးတက်သွားနိုင်သည်...

"Austin....''

"Jade က ကျွန်တော့ကိုလာရှာမှာမှမဟုတ်ပဲ Phi Kit ရယ် အဝေးကြီးပဲသွားသွားနီးနီးလေးပဲနေနေဘာထူးလာမှာမို့လဲ...''

မနာကျင်ရဘူးလို့ပြောရင် Austin လိမ်နေတာပဲဖြစ်သည်...
ဒါပေမယ့်
ဒီလိုနာကျင်မှုမျိုးကိုနှစ်တွေချီပြီးခံစားလာခဲ့ရတဲ့သူ့အတွက်တော့
ထုံနေပြီပဲဖြစ်ကာ သာမန်လိုဟန်ဆောင်နေနိုင်သေးသည်
အတွင်းမှာလောင်မြိုက်နေပေမယ့်
အပြင်ပန်းမှာတော့အေးစက်စက်ပဲရှိနေရဦးမည်

"ဒါပေမယ့်.....သူမင်းကိုလာရှာရင်ရော....''

" ဒီနေရာမှာလုံခြုံပါတယ် Phi Kit
ကလွဲပြီးဘယ်သူမှသိတာမဟုတ်ပဲကို..ကျွန်တော်ဒီမှာပဲအလုပ်လုပ်ရင်ရတာပဲ...''

"မဟုတ်တာ...မင်းအလုပ်လုပ်စရာမလိုပါဘူး..ဒီမှကြိုက်သလောက်နေလို့ရပါတယ်....''

Krist နဲ့ Austin စကားစပြောထဲကတိတ်ဆိတ်နေခဲ့တဲ့
Sing
က ဒီတော့မှသာဝင်ပြောသည်...
သူသည်လည်း Austin ကိုအကဲခတ်နေခဲ့တာပဲဖြစ်သည်
တည်တည်ငြိမ်ငြိမ်ပဲရှိနေသေးတဲ့ လူငယ်လေးက သူထင်ထားတာထက်ပင်ရင့်ကျက်နေခဲ့သေးသည်...

"Austin........''

လေးပင်စွာညည်းငြူရင်းနဲ့ သူ့ကိုလာဖက်တဲ့ Phi Kit ကို Austin လည်းခပ်တင်းတင်းပြန်ဖက်ထားမိသည်
ရင်ထဲကနာကျင်မှုတွေကပေါက်ကွဲထွက်လုနီးပါး
သို့ပေမယ့် Phi Kit ရဲ့ရှေ့မှာတော့ငိုလို့မဖြစ်ပါချေ..
သူငိုရင် Phi Kit ကပိုဒေါသထွက်ရပြီး Jade ကိုအဆက်မပြတ်ကျိန်ဆဲနေလိမ့်မည်
ဘယ်လိုကံဆိုးမှုမျိုးကိုမှ ချစ်ရသူအပေါ်မကျရောက်စေချင်ပါပေ...

"အဲ့လူယုတ်မာအတွက် မနာကျင်နဲ့...ဟုတ်ပြီလား...နည်းနည်းလေးတောင်မှမနာကျင်မိစေနဲ့...
မင်း တစ်ခုခုဖြစ်တယ်လို့်ကြားရင်ငါအဲ့ကောင်ကိုသွားသတ်မယ်.....''

Rewrite the StarsDonde viven las historias. Descúbrelo ahora