အခန်း / ၄၂(z&u)

659 87 17
                                    

"""""""""""""""""

"Krist ကကုတင်မှာအိပ်လိုက်ပါ...
ကိုယ် ဆိုဖာပေါ်မှာသွားအိပ်လိုက်မယ်...''

"မဟုတ်တာ....Phi Sing လည်းကုတင်ပေါ် အိပ်လို့ရပါတယ်...ကုတင်ကအကျယ်ကြီးပဲကို...''

အနီရောင်သန်းနေတဲ့မျက်နှာလေးတဲ့ကောင်လေးဟာ တဖက်လူရဲ့သောကကိုမသိပဲအတူအိပ်ဖို့ပဲဇွတ်ခေါ်နေလေရဲ့...

သုံးရက်စာတောင်ငွေပေးချေထားပြီးဖြစ်တဲ့ Five star အဆင့် Hotel ကြီး ရဲ့အကောင်းဆုံးအခန်းကိုပစ်ထားခဲ့ပြီး အသင့်အတင့် သာရှိတဲ့ Hotel လေးမှာ လိုက်တည်းခိုတဲ့အထိ Krist ရူးနေတာ.....

သူ့နှလုံးသားရဲ့ဆုတောင်းက ပြည့်မြောက်ခဲ့တယ်လို့သူထင်တယ်......
ဒုတိယအကြိမ် တွေ့ဆုံမှုက တိုက်ဆိုင်မှုဆိုရင်တောင် ဒီတိုက်ဆိုင်မှုက မရိုးရှင်းတော့ဘူး...
ဒီလူရဲ့မျက်လုံးထဲကဖတ်ရခက်တဲ့အကြည့်တွေ...
နွေးထွေးညင်သာတဲ့အသံနဲ့ ပြောစကားတွေ...
ပြီးတော့ သူ့အပေါ်ထားတဲ့စေတနာတွေ...

အကြောင်းမဲ့ရရှိနေတာလို့သူမထင်ဘူး...ဒီလူနဲ့သူ့ကြားမှာရှုပ်ထွေးတဲ့ပတ်သက်မှုတစ်ခုတော့ရှိနေလောက်တယ်...
ဟုတ်တယ်...သူကတော့အဲ့လိုပဲယုံကြည်တယ်...

"ကိုယ် က Krist အနေကျပ်မှာစိုးရိမ်လို့ပါ...ကိုယ်တို့က ဇွတ်ခေါ်လာခဲ့ပြီးမှ...... ''

Ai Joe ကိုမေတ္တာတွေအတုံးလိုက်ပို့သနေရင်းကပဲ သူ့မသိစိတ်ကကျေနပ်ပျော်ရွင်နေတယ်ဆိုတာခံစားမိနေတယ်

Ai Joe ရဲ့ဘေးတီးပေးမှုက ကောင်းတာတွေဖြစ်လာမလား
ဆိုးတာတွေပဲဖြစ်လာမလား .....

အဆင်ပြေပြေပြီးသွားတာမျိုးလေးပဲဖြစ်စေချင်ပါတယ်လေ...

"ကျွန်တော်ကအားနာရမှာပါ Phi ရ...ကျွန်တော်က Phi Sing အခန်းကိုလုလိုက်ရတာကို...''

တကယ်တမ်းကျအားနာရိပ်ဆိုတာတစ်စွန်းတစ်စမျှမရှိ....
ဒီလူနဲ့ဒီလိုအခြေအနေဖြစ်လာဖို့ ကံပါလာတာကိုပဲသူကျေနပ်နေတာ......

ခဏအကြာမှာတော့ သူတို့နှစ်ယောက်လုံးအိပ်ရာတဲ့တဖက်တစ်ချက်စီမှာလှဲလျောင်းလိုက်ကြတယ်
ကျန်းမာရေးအရ မသောက်ပဲနေခဲ့ရတဲ့ ဘီယာကိုသုံးဗူးလောက်သောက်ပြီးတဲ့ Krist အတွက် အိပ်မပျော်မှာမပူရပေ...
တိတ်ဆိတ်တဲ့အခန်းထဲ ခဏလေးနဲ့အိပ်ပျော်သွားလေတော့တယ်...

Rewrite the StarsWhere stories live. Discover now