အခန်း / ၈(z&u)

1.3K 113 9
                                    


""""""""""""""""""""

(Zawgyi)

"""""""""""""""""

" Jade ပြန်လာပြီတဲ့နော်....''

Phi Nammon ရဲ့ စကားက
သူ့နှလုံးအိမ်နဲ့
သူ့ကိုယ်ကိုတစ်ချက်တော့ တုန်လှုပ်သွား
စေတယ်....

ဒါပေမယ့် သူပြန်ထိန်းချုပ်လိုက်နိုင်တယ်..

Nammon ကတော့ တစ်စက္ကန့်မျှရှိသော
တုန်ခါမှုလေးကိုမြင်ဖြစ်အောင်
မြင်မိလိုက်တာပါပဲ...

" ပြန်လာပါစေပေါ့.....''

အမှုမထားသလိုပဲ သူပြန်ပြောလိုက်တယ်..
သူ ဂရုမစိုက်ပါဘူး...ပြန်လာလာမပြန်လာလာ

"အင်း....ဂရုမစိုက်နဲ့...''

Phi စကားကိုသူပဲနားလည်မယ်..
Jade ဆိုတဲ့ကောင်ပြန်လာတာက
သူ့အတွက် တစ်ခုခုဖြစ်ရင်လည်း
ဖြစ်လာမယ်
မဖြစ်လာရင်လည်း မဖြစ်လာဘူးပေါ့...

"အလုပ်ကရော Phi.....''

"စီစဉ်နေတာပဲ....ခုမှထလုပ်ရတော့
ပြည့်စုံမှုတော့မရှိသေးဘူး....''

Entertainment တစ်ခုထောင်ဖို့က
လွယ်တယ်မှတ်လို့....
အသိပညာရှင်အတတ်ပညာရှင်
အားလုံး......
ကျွမ်းကျင်တဲ့ ဝန်ထမ်း..နာမည်ကြီး
Artist တွေနဲ့စာချုပ်ချုပ်ဖို့တွေရော..
စာရေးဆရာ ဇာတ်ညွန်းဆရာ ဒါရိုက်တာ
လိုအပ်တဲ့စက်ပစ္စည်း စတူရီယို
....တစ် ကစလုပ်ရတော့ လေးငါးလအတွင်းပြည့်စုံနိုင်ပါမတဲ့လား..

" ကျွန်တော် ဘာကူညီရဦးမလဲ....''

စားပွဲပေါ်တင်ထားတဲ့ခြေထောက်ကို
လှုပ်နေရင်းက အပြုသဘောနဲ့
မေးတယ်...

ပြီးရင် ဘာတစ်ခုမှကူညီမှာလည်း မဟုတ်..

"မလိုပါဘူး....မင်းသာ ဆေးမှန်မှန်သောက်စမ်းပါ...''

ခုတလော ဆေးမှန်မှန်မသောက်ဘူး
ဆိုပြီး နွန်ကလာတိုင်ထားတယ်လေ...

"ဒီနွန်ကတော့လေ...''

"နွန်ကိုမပြောနဲ့....မင်းကိုပဲပြောရမှာ...
တစ်နေ့မှတစ်ခါလေးသောက်ရတဲ့ဆေးကို
မင်းကဘာဖြစ်လို့မသောက်ချင်ရတာလဲ..''

"Phi......နည်းနည်းလောက်ကိုယ်ချင်းစာ
ဦး...ကျွန်တော့အသက် နှစ်ဆယ့်ငါးနှစ်
ရှိနေပြီ သိရဲ့လား...''

Rewrite the StarsWhere stories live. Discover now