အခန်း / ၅၂

463 33 2
                                    

"""""""""""""""""""

" ကောင်းကောင်းအိပ်ပျော်ခဲ့ရဲ့လား Singto...''

အားကစားလုပ်ပြီးပြန်လာပုံရတဲ့
Nammon က သူ့အခန်းအထွက်နားမှာမှလာဆုံတွေ့သည်
Nammon နဲ့တွေ့လိုက်တိုင်း အေးစက်တဲ့ခံစားမှုတစ်ခုကိုရပြီး သူ့ကိုအနည်းငယ်နေရခက်စေသည်...
ဒါက Nammon ကိုကြောက်လို့မဟုတ်ပဲ အားနာမိခြင်းသာဖြစ်သည်
Krist ကိုချစ်တဲ့ ကာကွယ်ချင်တဲ့အစ်ကိုတစ်ယောက်အတွက်
Krist ကိုအမြဲတမ်းထိခိုက်အောင်လုပ်တတ်တဲ့ သူက ဆင်ဖြူမျက်နှာဆင်မဲမကြည့်ဝံ့ဆိုသလိုဖြစ်နေခြင်းသာ....

" အင်း.....ငါ ပြန်တော့မလို့ပါပဲ...''

တကယ်လည်းသူပြန်ဖို့အတွက်ထွက်လာတာဖြစ်သည်
အိမ်ဖုန်းနဲ့ပဲ Joe ကိုလာကြိုဖို့အတွက်ဖုန်းဆက်မည်
ပြီးရင် ဒီအိမ်ကနေ ထွက်ခွာသွားရမည်

" နေပါဦးလေ...အေးဆေးပေါ့ မနက်စာစားပြီးမှပြန်တာပေါ့ အမ်....မင်းရဲ့စပါယ်ရှယ်ကြက်ပေါင်းရည်လေး Kit အတွက်ချက်မပေးချင်ဘူးလား သူနိုးလာလို့ မင်းချက်ပေးတဲ့မနက်စာလေးနဲ့ဆို
သူ မင်းကိုခွင့်လွှတ်ချင်ခွင့်လွှတ်မှာပေါ့.......''

အေးစက်စက်ပြုံးနေတဲ့ Nammon က ဘာအကွက်ရွှေ့သလဲဆိုတာသူမသိပေမယ့် ထိုအပြုံးအရမကောင်းတာတစ်ခုခုဖြစ်လိမ့်မယ်ဆိုတာသူသိသည်...
တချိန်တုန်းက Nammon ဟာ ဒီလိုအပြုံးနဲ့ပဲ Krist ရဲ့အနားကနေ သူ့ကိုထွက်သွားစေနိုင်ခဲ့ဖူးသည်မဟုတ်ပါလား...

" ဘယ်လိုလဲ....မချက်ပေးချင်ဘူးလား...''

"မဟုတ်ဘူး... ငါ ချက်ပေးမယ်...''

ဒါက သူချက်နေကျ ဟင်းလေးတစ်ခွက်ပါပဲ...

"Ok....မီးဖိုခန်းကိုတော့မှတ်မိသေးတယ်မဟုတ်လား...''

Nammon ရဲ့မျက်နှာထားမှာလှောင်ပြောင်ရိပ်ရော ခနဲ့ရိပ်ရောမပါ...
ထိုအစားအေးစက်မှုသာရှိသည်...
နောက်မှာတော့မဲ့ပြုံးတစ်ပွင့်နဲ့သူ့ကိုကျောခိုင်းသွားတော့သည်

Nammon ထွက်သွားပြီးတာနဲ့သူလည်းမီးဖိုခန်းရှိတဲ့ဘက်ကိုလျှောက်လာခဲ့လိုက်တယ်
ကောင်မလေးနှစ်ယောက်နဲ့ကြီးနွန်ကမီးဖိုခန်းထဲဝင်သွားတဲ့သူ့ကိုအံ့ဩသလိုကြည့်နေကြပေမယ့်လည်း ကြက်ပေါင်းရည်ချက်ဖို့လို့ပြောလိုက်တော့ အလိုက်တသိနဲ့နေရာဖယ်ပေးကြလေတယ်...

Rewrite the StarsWhere stories live. Discover now