အခန်း / ၁၀(z&u)

1.2K 106 8
                                    

""""""""""""""""""""""""""

(Zawgyi)

လူတစ်ယောက်ရဲ့နှလုံးသားကိုရယူဖို့
ဘယ်နည်းလမ်းကအကောင်းဆုံးဖြစ်
မယ်လို့ထင်လဲ....

သေချာတာကတော့
နည်းလမ်းတော်တော်များများကို
ကျွန်တော်လုပ်ဆောင်ခဲ့ပြီးပြီဆိုတာပဲ....

ကျွန်တော့ရဲ့ငယ်ဘဝက
သူငယ်ချင်းတစ်ယောက်နဲ့ ကြည်နူးဖွယ်
အချိန်တွေကိုအစပြုခဲ့တယ်....

ပြည့်ဝတဲ့မျက်နှာချိုချိုလေးနဲ့...
ဝဲဂယက်တစ်ခုလို ကျွန်တော့နှလုံးသားကို
ဆွဲယူနစ်မြုပ်တတ်တဲ့ ပါးချိုင့်ခွက်လေးနဲ့...
လွတ်လပ် ပေါ့ပါးပြီး ဖြူစင်တဲ့
အကြည်ဓာတ်တွေနဲ့မျက်နှာပိုင်ရှင်လေး...

ကျွန်တော့အိမ်မက်တွေကို
ကြီးစိုးတာ သူ
ကျွန်တော့ စိတ်ကူးတွေကို
ယူဆောင်သွားတာ သူ
ကျွန်တော့နှလုံးသားကို
သိမ်းပိုက်ပစ်တာလည်း သူ......

ဒါပေမယ့်လည်း.....
ချစ်ခြင်းမေတ္တာတိုင်းက ရောင်ပြန်မဟပ်
ကြဘူး....

ကျွန်တော့ရဲ့အချစ်က သူ့အပေါ်
မသက်ရောက်ဘူး...

သူ့ကိုချစ်တယ်လို့
ကျွန်တော်ဝန်ခံတဲ့နေ့မှာပဲ သူကပြောခဲ့တယ်....

သူ...... သူ့ မွေးစားအစ်ကိုကို
ချစ်နေပြီတဲ့.....
ကျွန်တော်နဲ့သူနဲ့က ထာဝရ
သူငယ်ချင်းတွေအဖြစ်နေကြမယ်တဲ့....

သူ ကျွန်တော့နှလုံးသားကို ထိန်းချုပ်လို့
မရဘူး...
ဟိုလိုချစ်ပါ ဒီလိုချစ်ပါ နဲ့
သူ အမိန့်ပေးလို့မရဘူး....

ကျွန်တော်က......ကျွန်တော်က
သူ့ကိုပဲချစ်တာလေ.....

သူ့ကို ဆုံးရှူံးမခံနိုင်ဘူးလေ....

ကျွန်တော်ဘာလုပ်ခဲ့လဲ သိလား....

ခိုးပြေးခဲ့တာ...
သူသောက်မယ့် ကော်ဖီထဲ အိပ်ဆေးထည့်ပြီး သူအိပ်ပျော်ပြီဆိုမှ
အေးဆေး မ လာခဲ့တာ....

အိပ်မောကျနေတဲ့သူ့ဘေးနားမှာ
ဝင်အိပ်ပြီး သူ့မျက်နှာကိုငေး
သူ့အသက်ရှူသံကိုနားထောင်.....

သူ ကျွန်တော့အနားကထွက်မသွားနိုင်ဖို့အရေး ထုတ်လိုက်ရတဲ့ အကြံအစည်...

Rewrite the StarsWhere stories live. Discover now