အခန်း/ ၄၀(z&u)

835 81 24
                                    


""""""""""""""

သူ့ဆီမှာရှိတဲ့အင်္ကျီတွေထဲက ကလေးငယ်နဲ့တော်လောက်မယ့်
Sport Tee တစ်ထည်နဲ့သားရေကြိုးတပ်ချည်သားဘောင်းဘီရှည်ကိုထုတ်ပေးထားခဲ့လိုက်တယ်...

တစ်ကိုယ်လုံးစိုရွဲသွားတော့တဲ့ကလေးငယ်ဟာအဝတ်အပိုပါခဲ့ပုံမပေါ်
စိုးရိမ်စိတ်ကပေးထားတဲ့ကတိကိုပင်မေ့လျော့စေနိုင်ခဲ့သည်
သူဆွဲခေါ်ရာနောက်တောင့်တောင့်လေးပါလာခဲ့တဲ့ကလေးငယ်ကတော့
ဇဝေဇဝါဖြစ်ဟန်အကြည့်လေးနဲ့
စောဒကတက်တာမျိုးတော့မရှိ...

ထို့အတွက်ဝမ်းသာရမည်လားဝမ်းနည်းရမည်လားသူမသိ..
မသိတဲ့သူစိမ်းတစ်ယောက်ကဆွဲခေါ်ရာကိုအသာတကြည်လိုက်ပါလာတာကကောင်းမွန်တဲ့တုံ့ပြန်ချက်တော့မဟုတ်ဘူး..
ထို့ပြင်ထိုသူစိမ်းရဲ့အိမ်ထဲမှာရေပင်အေးအေးဆေးဆေးချိုးနေလိုက်သေး...
ဒါက စိတ်ပူစရာအခြေအနေပဲဖြစ်သည်..

သူမဟုတ်ပဲတခြားသူစိမ်းတစ်ယောက်နောက်လိုက်သွားမှာကိုဖြင့်သူစိတ်ပူပါသည်
ရေခဲသေတ္တာထဲက နွားနို့ဗူးကိုထုတ်ယူလိုက်ပြီး အပူပေးလိုက်သည်
အချိုကြိုက်တတ်တဲ့အကျင့်လေးရှိတာမို့ သကြားနှစ်ဇွန်းထည့်မွှေလိုက်သည်
ညစာအတွက်ဆန်ကိုရေဆေးလိုက်ပြီး ထမင်းပေါင်းအိုးထဲသို့ထည့်ကာချက်ထားလိုက်သည်..
တစ်ယောက်ထဲနေလာထဲက ကိုယ့်ထမင်းကိုယ်ချက်စားပြီးနေလာခဲ့သည်မို့ ထမင်းချက်တာကသူ့အတွက်မခက်ခဲတော့ပေ...
ဒုက္ခရောက်ရသည်က ဟင်းပဲဖြစ်သည်
ဒီနေ့ညစာမှာတော့ ကလေးငယ်ရှိနေသည်မို့ကောင်းကောင်းမွန်မွန်လေးချက်ပေးချင်သည်...ဒီလိုအခွင့်အရေးမျိုးနောက်ထပ်ရလာမလာမသေချာလှသည်မို့...

နွားနို့ခွက်ကို အောက်ခံပန်းကန်ပြားသေးသေးလေးနဲ့တင်ယူခဲ့လိုက်ပြီး ဧည့်ခန်းလို့ဆိုရမည့်နေရာကိုရောက်တော့ ကလေးငယ်က ခေါင်းကိုသဘက်နဲ့သုတ်ရင်း အခန်းပြင်သို့ထွက်လာတာနဲ့ကြုံသည်
အစီအစဉ်မကျသည့်ဆံပင်ပျော့လေးတွေက ရေစိုနေတာမို့ပူးကပ်နေကြသေးသည်....
ဆောင်းရာသီကြီးမှာမှ ညနေဘက်ခေါင်းလျှောက်တဲ့ကောင်လေးကတော့ စူးစမ်းနေတဲ့အကြည့်တို့နှင့်...

အရင်လိုမဟုတ်သည့်တိုင် ဒီအခိုက်အတန့်လေးကသူ့အတွက်အဖိုးမဖြတ်နိုင်ပေ
အဝေးကပဲငေးကြည့်ဖို့ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချခဲ့ရပြီးအချိန်တွေကြာခဲ့သည့်တိုင်မပြောင်းလဲသည့်သူ့နှလုံးသားက လက်ရှိအချိန်မှာပျော်ရွှင်နေရသည်မဟုတ်ပါလား...

Rewrite the StarsWhere stories live. Discover now