အခန်း / ၁၁(z&u)

1.1K 102 14
                                    

"""""""""""

ညအချိန်........

သူ့လက်ထဲမှာ တစ်စုံတစ်ယောက်ရဲ့
ဖုန်းနံပါတ်နဲ့အတူ
မြင်နေရတဲ့အပြုံးချိုချိုလေး....

အဲ့အပြုံးတွေ သူ့အတွက်မဖြစ်တည်လာ
ခဲ့တာကြာပေါ့....
ကိုကို က လမင်းကြီးနဲ့တူတယ်....
ကိုကို့ရဲ့အလင်းရောင်က
လူအများအတွက် ဖြန့်ဝေပေးနိုင်တယ်....

ဒါပေမယ့် သူ့အတွက်တော့....
အမှောင်ထဲကငေးကြည့်နေခဲ့ရတယ်....
လက်ဖျားလေးနဲ့တောင် မထိတွေ့နိုင်
လောက်အောင် ကိုကိုက
သူ့ကို မေတ္တာတုံးသွားခဲ့ပါသည်တဲ့....

သို့ပေမယ့်လည်း........
တစ်ခါလောက်လေးတော့ မျက်နှသာ
ပြန်ရချင်မိတယ်....

Entertainment နယ်ပယ်မှာ
ပထမဆုံးခြေချမယ့်နေ့.....
သူ့ဘေးမှာကိုကို့ကိုရှိစေချင်မိတယ်....

ဝါသနာ စီးပွားရေး ဘာဘာညာညာဆိုတာတွေထက်
ဒီအလုပ်ကိုသူဘာလို့လုပ်ချင်ခဲ့သလဲ
ဆိုတာ သူကိုယ်တိုင်ကလွဲပြီး
ဘယ်သူမှမသိဘူးမလား...

နောက်အပတ်ဆို ဖွင့်ပွဲလုပ်တော့မည်
ကိုကို့အိမ်ကို ဖိတ်စာနဲ့ဝတ်စုံကို
ဒီနေ့ပို့ပေးလိုက်ပြီးပြီ....

လိုနေတာက ကိုကို့ကိုဖုန်းဆက်ပြီး
လာပေးဖို့တောင်းဆိုရမှာ....

သူကြောက်နေတယ်....
ကိုကိုကသူ့ဖုန်းကိုကိုင်ပါ့မလား
ကိုင်တယ်ထားဦး..သူ့တောင်းဆိုမှုကို
လက်ခံပါ့မလား.....

ဒါပေမယ့်
သူကိုကို့ကိုလာစေချင်တယ်
သူ့ဘက်ကအများကြီးအလျှော့ပေးထားပြီးပြီပဲလေ

ကိုကို့ဘက်ကတစ်ခါလောက်တော့
လိုက်လျောပေးနိုင်လောက်ပါသည်နော်...

အများကြီးတော့မမျော်လင့်ထားပေမယ့်
ကိုကို့ကိုသူဖုန်းခေါ်လိုက်တော့တယ်...

ဖုန်းကိုကိုင်ထားတဲ့လက်က
အနည်းငယ်တုန်ယင်နေတယ်....

ထိုအချိန်
တဖက်ကလူကတော့
အိပ်ရာဝင်ဖို့ပြင်ဆင်နေခဲ့တာ....

Company က ရုံးခန်းမှာပဲ
သူအိပ်နေခဲ့တာ နှစ်ပတ်ကျော်ပြီ....
Pai ကလည်းသူ့အိမ်မှာပဲရှိနေပြီး
အိမ်ရှာတာကလည်းစိတ်တိုင်းမကျဖြစ်
နေတာမို့
သူလည်းဒီအခန်းမှာပဲသောင်တင်နေရတော့တယ်...

Rewrite the StarsWhere stories live. Discover now