အခန္း / ၅၄ (uni)

412 39 2
                                    


"""""""""""

""""""""""""""

သုံးပတ်လောက်ကြာပြီးမှပြန်ရောက်လာခဲ့ပြီး ရောက်ရောက်ချင်းရှာသည်က Austin )ကိုဖြစ်သည်...
ဖုန်းအကြိမ်ကြိမ်ဆက်နေလည်း တပ်ဆင်ထားခြင်းမရှိပါဆိုတဲ့အဖြေသာပြန်ရသည်..
သူနဲ့အတူနေသည့်တိုက်ခန်းမှာလည်းမရှိပဲ အိမ်ကလည်းလူမနေတာကြာတဲ့ပုံမျိုးဖြစ်နေသည်
ရေခဲသေတ္တာထဲအစားအစာတွေပင်ပုပ်ပြီးအနံ့ထွက်နေပြီ..
ဤသည်က Austin အိမ်မှာမရှိတာကြာပြီဆိုတဲ့အနေအထား...
အိမ်မှာမရှိဘူးဆိုရင်ရှိနိုင်တာက Kit ရဲ့အိမ်မှာပဲဖြစ်သည်..

ကံဆိုးစွာပင် Austin က Kit ရဲ့အိမ်မှာရှိမနေခဲ့ပေ...
ကြီးနွန်ကိုမေးကြည့်တော့ Austin ကိုမတွေ့သည်မှာကြာပြီလို့ပြောလာသည်...
ဆိုမှတော့ သိနိုင်သူက Kit တစ်ယောက်သာရှိတော့သည်မလား..
Austin မှာ အသိမိတ်ဆွေဟူ၍လည်းKit နဲ့သူ့အိမ်ကလူတွေကလွဲပြီးရှိမှမရှိလေပဲ..

ထို့ကြောင့် Kit အလုပ်လုပ်နေမယ့်ရုံးခန်းဆီသာအားကိုးတကြီးပြေးလာရတော့သည်...

"Kit.....Kit.....''

ရုံးခန်းထဲမှာပဲ
နေ့လည်စာစားဖို့လုပ်နေတဲ့ Kit ကသူတစ်ယောက်ထဲမဟုတ်ပဲ
Phi Sing ပါရှိနေသည်....
သို့ပေမယ့် သိပ်ဂရုမထားမိ...
သူ့အတွက် Bing Er (Austin) ကိုတွေ့ရဖို့သာခုချိန်မှာအရေးကြီးနေသည်..
တခြားသူတွေနဲ့ရန်ဖြစ်စကားများနေဖို့အချိန်မရှိ...

"အို့...ဘာကိစ္စလဲ သတို့သားလောင်းကြီးရဲ့...''

"Kit.....Aus..Austin ဘယ်မှာလဲ...''

"Austin ဘယ်မှာလဲ...အဲ့ဒါမင်းသိရမှာလေ..သူ့ကိုမင်းခေါ်သွားတာမဟုတ်လား..''

Phi Sing နွင်ပြီးထည့်ပေးထားတဲ့ ပန်းကန်ထဲကငါးတစ်ဖတ်ကိုပါးစပ်ထဲပစ်ထည့်ရင်းနဲ့အမူအရာမပျက်စေရပဲခပ်တည်တည်တုံ့ပြန်သည်....

"မဟုတ်ဘူး Kit....ငါ ...သူဒီမှာကျန်နေခဲ့တာမင်းသိပါတယ်...သူရှိတဲ့နေရာမင်းသိတယ်မလား...''

"ဘာလဲ Jade ရာ....မင်းစေ့စပ်ပွဲအတွက်တောင် ဂုဏ်မပြုရသေးဘူး..အရေးမပါတဲ့ကိစ္စတွေထားလိုက်..''

Krist ရဲ့ပုံစံက တကယ်ကိုဘာမှမသိသလိုပင်..
အေးအေးဆေးဆေးပဲရှိနေပြီး Jade ကို တကယ်ကြီးဂုဏ်ပြုချင်နေသေးသည့်ပုံ...

Rewrite the StarsWhere stories live. Discover now