အခန်း /၂၈(z&u)

963 103 16
                                    


""""""""""""""""""""""""""""

ညာဘက်လက်က ဝေ့ဝဲစမ်းလိုက်တာနဲ့
နွေးထွေးမှုလေးကိုရှာတွေ့မှ
သူ့ရင်ထဲစိတ်ချသွားရတယ်...

ပုံမှန်တရေးနိုးချိန်တိုင်း အိမ်မက်လို့ထင်နေမိတဲ့အရာကနေ
အခုကျ ဗြုန်းကနဲပျောက်ကွယ်သွားမလား
စိုးရိမ်ပူပန်နေမိပြန်ရော...

ကိုယ်ပေါ်ရှိနေတဲ့စောင်တစ်ပိုင်းကိုဖယ်ချလိုက်ပြီးထုံးစံအတိုင်းရေချိုးခန်းထဲရောက်လာရပြန်တယ်...

အရင်လိုဆေးလိပ်သောက်ဖို့တော့မဟုတ်ဘူး...

ဆေးလိပ်ကိုတောင့်တနေတဲ့ပါးစပ်ကို
သွားတိုက်ပြီးအာရုံဖျောက်ဖို့...

အဲ့ဒါကလွယ်ကူတယ်တော့မထင်လိုက်နဲ့..
အရင်ရက်တွေကမျိုးစုံစမ်းသပ်ပြီးပြီ
အသီးတွေစားတယ်..
သံပုရာသီးတွေတောင်အလုံးလိုက်ကိုက်စားပစ်မိသေးတယ်...ငရုပ်သီးလည်းပါတာပဲ...

ဒါပေမယ့်.....
သူတောင့်တနေတာက နီကိုတင်းပါတဲ့အငွေ့တွေလေ..

သွားကိုတော်တော်ကြာကြာလေးထိတိုက်နေမိပြီး သွားဖုံးတွေဆီကစပ်သလိုလိုဖြစ်လာမှပဲရပ်လိုက်မိတယ်.....

စစချင်းရက်တွေကလောက်တော့မဆိုးတော့ပါဘူး...
သူ့အာရုံတွေကိုနည်းနည်းစီတော့သတ်လိုက်နိုင်ပြီထင်တာပါပဲ...

သွားတိုက်ပြီးတော့ အိပ်ရာဆီပြန်မသွားမိသေးဘူး....
ပြန်အိပ်လို့လည်းရမှာမဟုတ်တဲ့အတူတူတော့ ခဏရပ်နေလိုက်သေးတာပိုအဆင်ပြေမယ်..

ဒီညတော့ ကိုကိုလည်းနိုးမလာတော့ဘူးထင်ပါရဲ့..
အိပ်ပျော်နေပါစေလေ....
သူ့အတွက်နဲ့အိပ်ရေးပျက်ရတာများနေပြီပဲ...

အရင်ကနဲ့မတူတော့ပဲ သူ့ကိုဂရုစိုက်ပေးလာတဲ့ကိုကို့ကြောင့်
ဒီရက်တွေထဲစိတ်ချမ်းသာရတာအမှန်

ကိုကို သူ့ကိုမမုန်းဘူးဆိုတာ တကယ်ပဲမို့
...

" အဆင်ပြေလား....''

ရေချိုးခန်းတံခါးဝဆီက ကိုကို့အသံကိုကြားမှပဲ သွားတိုက်တံကိုဆေးလိပ်လိုလက်ကြားထဲညှပ်ပြီး နူတ်ခမ်းမှာတေ့ထားမိတာကို
သိလိုက်ရတယ်...

Rewrite the StarsWhere stories live. Discover now