အခန်း ၄၈(unicode)

536 49 6
                                    


"""""""""""""""

"ရောက်ပါပြီ...''

အတွေးလွန်နေရာက ကားဆရာရဲ့စကားကြောင့်သာနိုးလာရတဲ့အဖြစ်...
ကျသင့်တဲ့ပိုက်ဆံကိုမြန်မြန်ပေးချေလိုက်ပြီး ကားထဲကပြေးဆင်းသည်....
လိပ်စာမှန်ရဲ့လားဆိုတာ သေချာအောင်ကြည့်တော့ Joe ပို့ပေးလိုက်တဲ့ဆေးရုံအမည်ပဲဖြစ်သည်..
သွားရမည်..
အမြန်ဆုံးရောက်အောင်...

"ဒီမှာ ဧည့်သည်....ခင်ဗျားရဲ့အိတ်...''

အလောတကြီးခြေလှမ်းပြင်ပြီးကာမှ
ကားသမားရဲ့သတိပေးသံကြောင့်သာသူ့မှာအိတ်ပါခဲ့မှန်းပြန်သတိဝင်သည်...
အတိတ်ကဖြစ်ရပ်ကိုပြန်အတွေးရောက်မိတော့ သူ့စိတ်တွေကထူပူတယ်ဆိုတာထက်ကျော်လွန်နေပြီ...
ဒီတစ်ခါလည်း သူ့အတွက်နဲ့ ဒုက္ခရောက်ရပြန်တဲ့ကလေးကို
သူအမြန်ဆုံးတွေ့ချင်နေပြီ....
သူမမြင်ချင်တဲ့မြင်ကွင်းမျိုးနဲ့ပဲ
ထပ်မြင်ရဦးမယ်ဆိုရင်တောင်မှ...

အဲ့ဒီဆေးရုံကုတင်ပေါ် စက်ကရိယာမျိုးစုံနဲ့ သွယ်ယှက်နေတဲ့ဆေးပိုက်တွေ..
ဖြူဖျော့နေတဲ့အသားအရေနဲ့
မှိန်ဖျဖျမျက်နှာငယ်လေး..
တိုးလျလွန်းတဲ့အသက်ရှူသံလေး..
အေးစက်နေတဲ့လက်ဖဝါးလေးတွေ......

နောက်ထပ်တစ်ကြိမ် ထပ်မမြင်ချင်ဘူး...
မမြင်ပါရစေနဲ့...

"ကျေးဇူးတင်ပါတယ်... ''

အိတ်ကိုဆွဲချလိုက်ပြီး ဆေးရုံဝင်ပေါက်လှေကားထစ်တွေရဲ့ဘေးဘက်ကိုသွားထားလိုက်သည်..
အိတ်ထဲမှာအဝတ်အစားတွေပဲပါတာမို့ပျောက်သွားရင်တောင်ကိစ္စမရှိ..ခုနေအရေးကြီးတာက Krist ဆီအမြန်ဆုံးရောက်သွားဖို့ဖြစ်သည်..
Joe ကိုဖုန်းခေါ်လိုက်ပြီးတော့ Krist ရှိနေတဲ့အခန်းနံပါတ်ကိုမေးလိုက်ပြီးအပြေးတက်သွားမိသည်....
အကျိုးအကြောင်းတွေးတောနိုင်စွမ်းတွေမရှိတော့တဲ့လူတစ်ယောက်က Joe ရဲ့စကားတွေရှေ့နောက်မညီတာကိုသတိမထားမိတော့ဘူး...

တကယ်လို့ Krist သာ စိုးရိမ်ရတဲ့အခြေအနေဆိုရင် ခုချိန်ခွဲစိတ်ခန်းထဲမှာပဲရှိနေရဦးမှာ..
နှစ်နာရီလောက်ပဲရှိသေးတဲ့အချိန်နဲ့ ဘယ်လိုလုပ်ပြီးလူနာခန်းထဲပြောင်းရွှေ့နိုင်ပါ့မလဲလေ..

Rewrite the StarsWhere stories live. Discover now