နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-1

14.7K 391 1
                                    

#zawgyi

ဒီနေ့လေးက  ကောင်းသတင်းဆောင် အတွက်ထူးထူးခြားခြားနေ့လေးတစ်နေ့ဖြစ်လို့နေသည်။ သူနှင့် သူအလွန်ချစ်မြတ်နိုးသော သူ့ချစ်သူ ရှေးရိုးဖြူ တို့၏ မင်္ဂလာ ဧည့်ခံပွဲဖစ်သောကြောင့်ပင်။ ကောင်းသတင်းဆောင်နှင့် ရှေးရိုးဖြူတို့ relationship သက်တမ်း ၂နှစ်ပြည့်တွင် လက်ထပ်ကြသောကြောင့် သံယောဇဉ်ကလည်းမနည်းပါပေ။ ကောင်းသတင်းဆောင် ရင်ခုန်စွာနှင့် ကုတ်အကျီအဖြူရောင် လွင်လွင်လေးကို ဝတ်လိုက်သည်။

"သားရေ အဆင်သင့်ဖြစ်pလား...ဖစ်ရင်ဆင်းခဲ့တော့နော် အခမ်းအနား စ တော့မယ်"

"ဟုတ်ကဲ့မေမေ..."

ကောင်းသတင်း မှန်ကိုတစ်ချက်ဝှေ့ကြည့်ပြီး အောက်ထပ်သို့ဆင်းလာခဲ့သည်။ အောက်ထပ်ရောက်တော့.....တွေ့ပါပီ...သူရဲ့သတို့သမီးလေး....ရှေးရိုးဖြူ....အဖြူရောင်ဂါဝန်ကားကားလေးနှင့် ဆံနွယ်တေအပေါ်မှ ဖြာကျနေသော....အဖြူရောင်ပုဝါစလေးက သူမအလှကို ပိုမိုပေါ်လွင်စေသည်။ မခို့တရို့အကြည့်လေးနှင့် လှမ်းပြုံးပြသောသူမ ကြောင့် ကောင်းသတင်း ရင်တေပိုမိုလှုပ်ရှားလာရသည်။ မင်္ဂလာ ခန်းမထဲအတူတူတွဲပီးလမ်းလျှောက်ရတဲ့ အချိန်တွေက ကောင်းသတင်းနဲ့ ရှေးရိုးဖြူ တို့အတွက် အလှပဆုံး အချိန်လေးတစ်ချိန် ဖစ်လို့နေသည်။ ဗိတ်သိတ်ဆရာကြီးမှ ရွတ်ဖတ်ပြီးသွားသည့်အခါ သူတို့နှစ်ဦး ဧည့်သည်များကို ဆင်း၍ ဧည့်ခံကြသည်။ ထိုနေ့လေးက သူတို့နှစ်ဦးအတွက် ပျော်ရွင်ရဆုံးအချိန်လေးပင်......
.....
ဤသို့နှင့် သူတို့၏ မင်္ဂလာပွဲလေးမှာစည်စည်ကားကား သိုက်သိုက်ဝန်းဝန်းလေး နှင့်ပင် ပြီးမြောက်သွားတော့သည်။ မင်္ဂလာပွဲပြီးသွားတော့ အစီစဉ် ရှိသည့်အတိုင်း ကြိုတင်ဝယ်ထားသည့် အိမ်လေးသို့ ပြောင်းရွေ့ခဲ့ကြသည်။ ကောင်းသတင်းဆောင်နှင့် ရှေးရိုးဖြူတို့ မိသားစုမွာ အလွန်ချမ်းသာကြသည်။ ထို့ကြောင့် မင်္ဂလာပွဲပြီးသွားတော့ သူတို့အတွက် မပူမပင်မကြောင့်ကျ ရလေအောင် မိဘများကအစစအရာရာ လက်ဖွဲ့ပေးကြသည်။ မင်္ဂလာပွဲပြီးသွားတော့ ကောင်းသတင်းဆောင်က သူ့မိဘများလက်ဖွဲ့ပေးသော ကုမ္ပဏီကို ဆက်လက်ဦးစီး လုပ်ကိုင်သည်။ ရှေးရိုးဖြူ ကေတာ့ အိမ်မှုကိစ္စတွေ လုပ်ရင်း အိမ်မှာပဲနေသည်။ သူတို့ရဲ့ အိမ်ထောင်ရေးလေးမှာ သာသာယာယာနှင့် အလွန်ကို ပျော်စရာ ကောင်းနေတော့သည်။ တစ်နေ့တော့ ကောင်းသတင်းဆောင် အလုပ်သွားတုန်း ရှေးရိုးဖြူ၏ သူငယ်ချင်းများ လာလည်ကြသည်။

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now