နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-13

3.9K 195 0
                                    

#zawgyi

ညနေစောင်းတော့......

"သတင်း....ငါပြန်တော့မယ်...ကွာ...ငါကိစ္စလေးတစ်ခုလုပ်ဖို့အခုမှ သတိရလို့..."

"အေးကွာ....ငါလည်uးncleတို့ကို လာတွေ့အုန်းမယ်...အားတဲ့နေ့လောက်ပေါ့....''

ဝဠာထူး ရဲ့ကားက ကောင်းသတင်းတို့ ကုမ္ပဏီ မှာ driverနဲ့ထားခဲ့တာကြောင့် driverဆီ ဖုန်းလှမ်းဆက်ပြီး လာခေါ်ခိုင်း.လိုက်သည်။ ကားရောက်လာတော့ ကားပေါ်ကို ဟန်ပါပါတက်လိုက်ရင်း 

"အိမ်ကိုပြန်မောင်းတော့...''

.စကားဆုံးသွားပြီးသည့်နောက်မှာ ဝဠာထူးတစ်ခုခုကို သတိရသွားဟန်ဖြင့်

"သတင်းတို့ ကုမ္ပဏီ လမ်းကိုပဲ မောင်းပေးတော့...''

"ဟုတ်ကဲ့အကိုလေး''

အခုအချိန်ဆို ရုံးဆင်းနေလောက်ပြီလေ...ကျွန်တော့်ကို ပူတူးလေး ဘယ်လိုသဘောထားနေသေးလဲ...ကျွန်တော့်ကိုရော ချစ်သေးရဲ့လား...ကျွန်တော်သိချင်မိသည်။

ကားပေါ်မှ ရောင်ဝါ့ကို တွေ့လို့တွေ့ငြား လိုက်ရှာမိသည်။ ရုံးသမားတွေ အများကြီးကြားထဲမှာ ဖြူဖြူသွယ်သွယ် လူကောင်သေးသေးလေး ဖြစ်တဲ့ ကျွန့်တော် ရောင်ဝါကို သိပ်မရှာလိုက်ရပါဘူး....
ကျွန်တော်ကားပေါ်က အမြန်ဆင်းပြီး ရောင်ဝါ့နောက်ကပြေးလိုက်သွားမိတယ်....

"ပူတူးလေး....အဲ...ရောင်ဝါ...ရောင်ဝါ.."

ကျွန်တော်ခေါ်လိုက်တော့ သူကပြာလဲ့လဲ့ မျက်ဝန်းလေးနဲ့ လှည့်ကြည့်သည်။ ဒီမျက်ဝန်းတွေ.....နှစ်တွေကြာခဲ့ပေမဲ့ ဒီမျက်ဝန်းလေးတွေက မပြောင်းလဲသေးပါလား.....အရင်ကထပ် ပိုပိန်သွားတဲ့ ကျွန်တော့်ပူတူးလေး....ဒီနှစ်တွေ အတွင်းမှာ အရမ်းစိတ်ရောလူရော ပင်ပန်းခဲ့မှာပဲနော်....ဦးတောင်းပန်ပါတယ်....ပူတူးလေးရယ်.....

"ဦး..."

"ဦးတို့ စကားအေးဆေးပြောကြရအောင်....နော်..."

.....

Coffee shopလေးထဲရောက်တော့ ရောင်ဝါ့မျက်နှာလေးကို ကျွန်တော်သေသေချာချာလေး အနီးကပ်ကြည့်လိုက်တယ်....ငယ်ငယ်တုန်းကထပ် ပိုချောပြီး ပိုချစ်ဖို့ကောင်းလာတာကိုတော့ ကျွန်တော်ငြင်းဆန်လို့မရချေ.....ဘာအရိပ်အယောင်မှ မရှိတဲ့ ပူတူးလေးရဲ့ မျက်နှာလေးက အရယ်အပြုံးမဲ့လျက်....

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now