နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-26

3.5K 144 2
                                    

#zawgyi
ကားပါကင်မှာ အရုပ်ကြိုးပြတ်ထိုင်ပြီး ငိုနေတဲ့ ပူတူးလေးကို တွေ့တွေ့ချင်း ကျွန်တော်အရမ်းကို စိုးရိမ်သွားမိသည်...

ဝဠာထူး ကားပေါ်ကအမြန်ဆင်းသွားကာ ထိုင်ရက်သားလေး လဲကျနေတဲ့ ရောင်ဝါ့ကို ဆွဲထူပြီး ကားပေါ်မှာ ထိုင်စေလိုက်သည်။ ပူတူးလေး သူ့စိတ်ကို သူတင်းတင်းထိန်းချုပ်ထားပေမဲ့ မင်းလေးရင်ထဲ ဘာတွေဖြစ်နေမယ်ဆိုတာ ဦးခန့်မှန်းကြည့်လို့ရပါတယ် ကွာ...

လွန်ခဲ့သည့်နှစ်ပတ်က.....

ကျွန်တော် မြန်မာပြည်ကို ပြန်ရောက်ရောက်ချင်း ပထမဦးဆုံးတွေ့ချင်မိခဲ့တာက ပူတူးလေးကိုပါ...ဒါပေမဲ့ တွေ့ဖို့အခွင့်အရေး သိပ်မရခဲ့...ကုမ္ပဏီ ရဲ့စီမံခန့်ခွဲရေးပိုင်းကို တာဝန်ယူထားရတာမို့ အလုပ်တွေက ရှုပ်လှသည်။

"ဟုတ်ကဲ့...ဒီနေ့အတွက်meetingကတော့ ဒီလောက်ပါပဲခင်ဗျာ...''

အစည်းအဝေးခန်းထဲမှာ လူတွေအားလုံးထွက်သွားကြပေမဲ့ ပင်ပန်းလွန်းလို့ ထိုင်ခုံပေါ်မှာ ကျောမှီပြီး ခဏနားနေတုန်း....

"Ring...Ring...."

အမည်မသိ ဖုန်းစိမ်း တစ်ခု..

ဝဠာထူး သိချင်စိတ်နဲ့ပဲ ဖုန်းကိုင်လိုက်သည်။

"ဟယ်လို ဘယ်သူပါလဲခင်ဗျာ.."

"ကိုဝဠာထူးပါနော်.."

မိန်းကလေးတစ်ယောက်ရဲ့ ချိုမြမြ အသံလေးကို ဝဠာထူး အရင်က ကြားဖူးနေသယောင်ယောင်...

"ဟုတ်ပါတယ်ခင်ဗျာ..အခုပြောနေတာဘယ်သူပါလဲ"

"ရှေးရိုးဖြူပါ..ကိုကောင်းသတင်းဆောင်ရဲ့ ဇနီးပါ..."

ဝဠာထူး မျက်လုံးနည်းနည်းကျယ်ချင်သွားသည်။ သတင်းရဲ့ မိန်းမက တစ်ခါပဲ မြင်ဖူးသေးတဲ့ ကျွန်တော့်ကို တော်ရုံကိစ္စနဲ့တော့ ဖုန်းမဆက်လောက်ဘူးမလား...

"ဪ မရှေးရိုးဖြူ ဘာကိစ္စရှိလို့လဲ.."

"ရှေး ကိုဝဠာထူးနဲ့ အေးအေးဆေးဆေး ဆွေးနွေးစရာကိစ္စတစ်ချို့ရှိလို့ပါ ရှေးကို အချိန်ပေးနိုင်မလား"

ဝဠာထူး အတော်လေးစိတ်ဝင်စားသွားသည်။

"အင်း မနက်ဖန်ညနေပိုင်းဆိုရင် ကျွန်တော်နာရီပိုင်းလောက် အားပါတယ်.."

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now