နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-11

4K 200 0
                                    

#zawgyi

ထိုညကုန်လွန်သွားပြီးတော့ ဦး ကျွန်တော့်ကို အရမ်းပဲ ဂရုစိုက်တတ်လာပါပြီ....ကျွန်တော့်အပေါ် အရမ်းလည်း စည်းစောင့်ပြီး ကျွန်တော်တို့ အချစ်ရေးလေးဟာ လူမသိသူမသိလေးနဲ့ သာယာခဲ့သည်။ ဒါပေမဲ့ ပျော်ရွင်မှုတွေက ကြာရှည်မခံတတ်ပါ......

ရောင်ဝါတို့ရဲ့ အချစ်ရေးကို ဒေါ်မူယာနှင်းဆီ သိရှိသွားတော့သည်။

"ဘာတဲ့.....ယောကျာ်းအချင်းချင်း ကြိုက်သတဲ့. ဟွန့် ...ရှင့်သားလုပ်ပုံ ကောင်းသလား...ဟမ်..... မူယာကတော့ မူယာတို့သား overseaမှာ အနေကြာလာတော့ တည်ငြိမ် ရင့်ကျက်လှပြီ ထင်ထားတာ.....အခုတော့ သူက မူယာတို့ကို အရှက် ကောင်းကောင်းကြီး ခွဲပစ်လိုက်တာပဲ....''

"ငါလည်း...ဘာပြောရမှန်းမသိတော့ပါဘူး ကွာ သားက သည်ကလေးအပေါ် အရမ်းစွဲလန်းနေတော့.....''

"အို.....ဘာစွဲလန်းတာလဲ...အချစ်ဆိုတာ ယောကျာ်းလေးနဲ့ မိန်းကလေးပေါင်းစပ်မှ ဖြစ်ပေါ်လာတဲ့အရာ...မူယာကတော့ အယုံအကြည်ကိုမရှိဘူး"

"တိုးတိုးပြောပါကွာ....အပေါ်ထပ်က မင်း...သားကြားသွားရင် ဒီထပ်ပိုဆိုးလာမယ်....ပြသနာတွေက....''

"သည်ကိစ္စကို မူယာစီစဉ်မယ် ရှင်သာဘာမှ ဝင်မပြောနဲ့...."

"မင်းကောင်းသလိုသာ စီစဉ်ပါ ငါကတော့ ငါတို့သားကို ပုံမှန်အတိုင်း...အိမ်ထောင်ကျပြီး ကလေးတွေမွေး အဲ့သည်လိုမျိုးနေစေချင်တာ..ဒါပေမဲ့...မင်းplanကြောင့် တစ်ဖက်သူကိုတော့ ဒုက္ခမရောက်စေချင်ဘူး...."

"စိတ်ချပါရှင်''

ဒေါ်မူယာနှင်းဆီ ကတော့ ကောက်ကျစ်ရုတ်မာသော အပြုံးများကို နှုတ်ခမ်းပေါ်မာ တပ်ဆင်လျက်.......

"မင်း အလုပ်ကို သေချာလုပ်ပေး မင်းလိုသလောက်ငွေ ကို ငါပေးမယ် ဟုတ်ပြီလား''

"စိတ်ချပါ....ကျွန်တော့်အလုပ်ပြီးရင်သာ ငွေပိုပေးဖို့ မမေ့နဲ့"

ခြံဝင်းကြီးရဲ့ထောင့် တစ်နေရာမှာ ဒေါ်မူယာက အသက်ခပ်ရွယ်ရွယ် ကောင်လေးတစ်ယောက်ကို လက်ကြိတ်ထိုးပိုက်ဆံပေး၍ တစ်ခုခုခိုင်းနေသယောင်။

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now