နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-25

3.4K 143 2
                                    

#zawgyi
ရင်သွေးလေးတဲ့ ကိုကို...ကိုကိုက ကလေးအရမ်းချစ်တတ်တယ် အဲ့အချက်ကို ကျွန်တော် သိပ်သိတာပေါ့...အခုဆို ကိုကို့ရဲ့ဘဝကြီးက နောက်လာမဲ့ ကိုကို့ရဲ့မျိုးဆက်လေးကြောင့် သာယာလာတော့မယ်... ကျွန်တော်ရွေးချယ်တဲ့ လမ်းရဲ့အဆုံးသတ်ဟာ ဒီလိုပဲဖစ်လာမယ်ဆိုတာ ကျွန်တော်သိသိရက်ကြီးနဲ့ မျက်စိမှိတ်ရွေးလိုက်တာ...ကျွန်တော့်ဆီမှာ ဆက်နေလို့ ကိုကို့ဘဝက ဘာအဓိပ္ပါယ်ရှိမှာတဲ့လဲ...ကျွန်တော်က ကိုကို့ကို ပျော်ရွင်သာယာတဲ့ မိသားစုဘဝမျိုး ကိုကိုသိပ်ချစ်တွေခလေးလေးတွေ မွေးပေးနိုင်တဲ့ အစွမ်းအစမျိုးမှ မရှိတာ.😔😔.. ကိုကိုက ကျွန်တော့်လို လူမျိုးထက် သာယာတဲ့ မိသားစု ဘဝလေးကိုရွေးချယ်ဖို့ ထိုက်တန်တဲ့လူသားတစ်ယောက်ပါ🙂....

အတွေးများစွာက အကြောင်းပြချက် တစ်ခုထဲဆီကိုပဲ ဦးတည်နေလေသည်။ မကျဆင်းအောင် ထိန်းချုပ်ထားသော မျက်ရည်ပေါက်များကလည်း ဆည်ကျိုးသွားတဲ့ တာတမံက ရေတွေလို အရှိန်နှင့် ကျဆင်းလာချေပြီ...ငိုမည်...ကျွန်တော်အားရအောင် ငိုပစ်လိုက်မည်...ကိုကို့ကိုချစ်မိနေတဲ့ မိုက်ရူးရဲ ဆန်ဆန် အချစ်တွေကို မျက်ရည်တွေနဲ့အတူ ရောပါသွားလောက်တဲ့အထိကို ငိုပြစ်လိုက်မည် ...

.................

"သီရိ ရှေးရော ..."

"ဆေးရုံကို သဒ္ဒါ နဲ့တူတူ သွားတယ်...ခဏနေပြန်လာကြတော့မှာပါ..."

....ကျွီ..ကျွီ...

"ရှေး ငါတစ်ခါထဲပြန်လိုက်တော့မယ်နော်...သဒ္ဒါ့ ကားနဲ့ပဲ..."

"အင်း...သီရိ ကျေးဇူးပဲနော်...".

"အေး..ရပါတယ်.."

သူငယ်ချင်းတွေကို နှုတ်ဆက်ပြီး အိမ်ထဲဝင်လာတဲ့ ရှေးကို သေသေချာချာ တွဲပေးရင်း ဆိုဖာပေါ်မှာ ထိုင်ခိုင်းလိုက်သည်။

"ရှေး...မူးလဲလို့ဆို. .သက်သာရဲ့လား.."

"မောင်...."

"အင်း...ပြောလေ..ရှေး"

"ရှေးမှာလေ....ရှေးမှာ...မောင့်ရင်သွေးလေး ရှိနေပြီ...မောင်"

"ဘယ်လို...."

ပြုံးပျော်သွားရမည့် မျက်နှာအစား အံ့သြထိတ်လန့်သွားသည့် မျက်နှာကသာ နေရာယူထားလို့နေသည်။ သည်ကလေးလေးက ကျွန်တော်နှင့် ရောင်ဝါ့ကို ခွဲထားပစ်လိမ့်မည်။ ဒါပေမဲ့ သည်ကလေးလေးက အပြစ်ကင်းစင်ပါသည်။ ကျွန်တော့်မှာ မမုန်းရက်.အမှောင်ထုထဲ လမ်းစရှာနေရသလို ဖြစ်ရချေပြီ...ဘာလုပ်သင့်လဲ...သည်အကြောင်းကို ရောင်ဝါ့ကို ဘယ်ကစ ပြောရမလဲ....သည်အကြောင်းထက် အရေးကြီးသည်က coffee shopမှာ ကျွန်တော်မလာမခြင်း စောင့်နေမည့်ရောင်ဝါ မဟုတ်ပါလား...babeစောင့်နေတော့မည်..ကျွန်တော်သူ့ဆီသွားရမည်...

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now