နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-6

4.2K 224 0
                                    

#zawgyi

နှစ်ရက်အကြာ.....
ရောင်ဝါ့ ရဲ့ ဂရုစိုက်မှုတွေကြောင့်  ကောင်းသတင်း အဖျားကျပြီး နေပြန်ကောင်းလာပါပြီ။

"ရောင်ဝါ "

"ဗျာ''

" အကိုတို့ ကမ်းခြေကိုသာ ရောက်ဖြစ်တယ် တစ်ခါမှ ရေကူးတဲ့ဆီမရောက်ဖူးနော်...မနက်ဖြန်ဆိုရင်ပဲ ပြန်ရတော့မယ်...."

"အင်းနော်...ဟုတ်ပါရဲ့"

"အဲ့တာ....ရောင်ဝါများ...ရေထဲဆင်းချင်လားလို့..."

"ဆင်းချင်တာပေါ့ဟီး...ဟီး"

ရောင်ဝါ့ဆီမှ လွပ်လွပ်လပ်လပ် ခလေးဆန်ဆန် အပြုံးလေးပြန်မြင်ရတော့ ကောင်းသတင်း စိတ်ထဲပေါ့ပါးသွားသလိုပင်။

"ဒါဆို အကိုတို့ ညနေလောက် သွားကြမယ်နော်"

"ဟုတ်ကဲ့... "

ညနေစောင်းတော့ ကောင်းသတင်းနဲ့ ရောင်ဝါတို့ အတူတူ ကမ်းစပ်နားသွားကြသည်။

"အကို..."

"အင်း..ရောင်ဝါ...ပြောလေ"

"ပင်လယ်ရေတွေက ဘာလို့ငန်တာလဲသိလား"

"မသိဘူးလေ"

"ဟင်း...အကိုကလည်း ဒါလေးတောင်မသိဘူး...."

"အမ်...ဟုတ်ပါပြီ အကိုမသိဘူးပြောပြ"

"ဟွန်း....အကိုကလည်း သားက မသိလို့ မေးတာကို"

"ဟာ....ဒီ ​ကောင်လေးကတော့...လာနောက်နေတယ် သူများသိမလားလို့ ဆရာကြီးsizeနဲ့"

ကောင်းသတင်း ​ရောင်ဝါ့ကို ရေနဲ့ပက်ပြီး စ လိုက်သည်။

"ဟာ..အကို"

ရောင်ဝါ ကောင်းသတင်းကို ရေနဲ့ပြန်ပက်လိုက်သည်။ သူတို့နှစ်ဦး ရေနဲ့အပြန်အလှန် ပက်ရင်း ရီမောနေကြပုံက လူတိုင်းရဲ့ အမြင်အာရုံကို ထူးခြား​စေသည်။

(အမလေးနော်😚)

"အကို...ရေငုပ်ပြိုင်မလား"

"စိန်လိုက်လေ အကိုကရေငုပ်ချန်ပီယံနော်"

"ဟား..ဟား...သားပဲနိုင်မာ သားကပိုတော်တယ်"￸

"ကဲ စမယ် တစ်...နှစ်...သုံး"

သူတို့နှစ်ဦးရေငုပ်ပြိုင်ကြသည်။ သုံးမိနစ်လောက်ကြာတော့ ကောင်းသတင်း မရတော့ပါ။ ရေပေါ်ပြန်တက်လာရသည်။

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now