နှလုံးသားရဲ့ လမ်းညွှန်မှုအတိုင်း part-3

5K 285 1
                                    

ကောင်းသတင်းဆောင် က ခေါင်းလေးငုတ်နေတဲ့ ရိုးရောင်ဝါရဲ့ ပုခုံးလေးကိုကိုင်ရင်း....

"ဪ ရောင်ဝါရယ်....ဘာကြောင့် အကိုက မင်းကို ရွံရမာလဲ...မင်းလည်း မင်းရဲ့ဘဝလေးမှာ မင်းနေချင်သလို လွတ်လွတ်လပ်လပ် လေးနေမာပဲလေ အကိုနားလည်ပါတယ်ကွာ....
မင်းgayတစ်ယောက်ဖစ်နေတာကြောင့်နဲ့တော့ အကိုတို့ကြားက ခင်မင်မှုက မပျက်စီးသွားပါဘူး"

ရောင်ဝါ ကောင်းသတင်းကို လေးလေးနက်နက်လေးကြည့်လိုက်တယ်။

"သူကငါ့အပေါ်အရမ်းနားလည်ပေးတာပဲ"
လို့တွေးရင်း ရောင်ဝါ့ ရင်ထဲ ကောင်းသတင်းနေရာဝင်ယူစ ပြုလာခဲ့တယ်။ အသက်ဝင်လှတဲ့ အပြုံးလေးပြုံးလိုက်ရင်း

"အခုလိုမျိုး နားလည်ပေးတဲ့အတွက် အကို့ကို သားကျေးဇူးတင်ပါတယ်"

..........

နောက်တစ်နေ့.....

ကောင်းသတင်း အဝတ်အစားတေထည့်နေတာကြောင့်..ရှေးရိုးဖြူ မေးလိုက်သည်။

"မောင် ဘယ်သွားမို့လဲ"

"ဪ မောင်ပြောဖို့မေ့နေတာ ရှေး...မောင်အလုပ်ကိစ္စနဲ့ ငွေဆောင်ခဏသွားရမယ် အဲ့ဒီမာ hotelထပ်ဆောက်မလို့ လုပ်ငန်းရှင်ကြီးတွေပါ လာကြမာဆိုတော့ မောင်မသွားလို့မဖစ်ဘူးလေ"

ရှေးရိုး ဆူပုတ်ပုတ်လေးလုပ်ပြီး ကုတင်ပေါ်ထိုင်ချလိုက်သည်။

"မောင်ကလည်း.....ကြိုလည်းပြောမထားဘူး"

ကောင်းသတင်း ဆူပုတ်ပုတ် ဖစ်နေတဲ့ ရှေးရိုးကိုဖက်ရင်း

"မောင် အလုပ်တေများတော့မေ့သွားလို့ပါကွာ နော်  စိတ်မဆိုးနဲ့တော့ ဘယ်လောက်မှ မကြာပါဘူး တစ်ပတ်လောက်ပဲကြာမှာ....ပြီးတော့ရှေးတစ်ယောက်ထဲ ဖစ်နေမှာဆိုးလို့ ရှေးသူငယ်ချင်း သူဇာ့ကိုဖုန်းဆက်ပေးထားတယ် မောင်မရှိတဲ့အချိန် သူရှေးနဲ့အတူတူလာနေပေးလိမ့်မယ်နော်...."

"ဟုတ်ပါပြီ...ဒါနဲ့ကုမ္ပဏီက ဘယ်သူတွေနဲ့သွားမာလဲ....မိန်းကလေးတွေရော ပါမာလား"

"မပါဘူး ဘယ်မိန်းကလေးမှ....မောင်ရယ်...မောင့်အတွင်းရေးမှူးရယ် နှစ်ယောက်ပဲသွားမာ"

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now