နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-10(🔞🔞)

4.2K 196 2
                                    

#zawgyi

ထိုနေ့ရဲ့ ညနေပိုင်းလေးကို ရောင်ဝါ နဲ့ အတူတူ ကျွန်တော့်ရဲ့ အခန်းလေး ထဲမှာ စကားတွေ ပြောကြရင်း ကုန်ဆုံးခဲ့ကြတယ်....

ရိုးရောင်ဝါ ...ဆိုတဲ့ နာမည်လေး တစ်ခုက ကျွန်တော့်အတွက် မရှိမဖြစ် ဖြစ်လာတယ်...ရောင်ဝါ က အဲ့လောက်ထိ ဆွဲဆောင်လွန်းနိုင်သူ ပါ...

.ကျွန်တော်တို့ ညပိုင်း လူတွေအိပ်တဲ့အချိန်ဆို ကျွန်တော့် အခန်းဘေးနားက ဝရံတာလေးမှာ စကားတွေ အများကြီးရင်းရင်းနှီးနှီး ပြောကြတယ်....

ကျွန်တော့်ရဲ့ နေ့ရက်တိုင်းက ရောင်ဝါဆိုတဲ့ ကောင်လေး ကြောင့် အဓိပ္ပါယ်ရှိလာတယ်....ကျွန်တော် ကလေးနဲ့ လွတ်လွတ်လပ်လပ် စကားပြောခွင့် ရမဲ့ ညပိုင်းအချိန်လေးတွေ ကို ရင်ခုန်စွာနဲ့ စောင့်မျှော်တတ်လာတယ်......ကလေးရယ် မင်းက အဲ့သည်လောက်အထိ လွှမ်းမိုးထား နိုင်တာပါ။
.
.
.
.
.
ရိုးရောင်ဝါတစ်ယောက် အိပ်ယာထဲ မှာ မအိပ်နိုင်ပဲ လူးလိမ့်နေမိသည်။ အချိန်တွေက ကြာလိုက်တာ....ဦးနဲ့ တွေ့ရမဲ့အချိန်တွေကို အမြန် ရောက်ချင်လှပြီ....ရောင်ဝါ နာရီကို လှည့်ကြည့်လိုက်မိသည်။

"ဟူတ်ပြီကွ....ဆယ်နာရီထိုးပြီ.....''

ရောင်ဝါ ..ဘစံ တို့ နိုးသွားမှာဆိုးလို့ ဖြည်းဖြည်းချင်း ခြေထောက်ကလေး ဖွလို့ အခန်းအပြင်ထွက်ခဲ့သည်။ တက်တက်ကြွကြွ ခြေလှမ်းများက အိမ်ပေါ်ထပ်က ဦး ရဲ့ အခန်းလေးရှိရာကို ဦးတည်နေမိသည်။

ဦး ဘာများလုပ်နေပါလိမ့်....အိပ်များ အိပ်နေပြီလား....ရောင်ဝါ စိတ်ထဲမှာ သိချင်စိတ် တွေ များပြားလျက်ပါ။

ဦးနဲ့ ကျွန်တော် ရင်းရင်းနှီးနှီးရှိလာတာ နှစ်နှစ်တောင်ရှိခဲ့ပြီပဲ။ တွယ်တာစရာ များများစားစား မရှိတဲ့ ကျွန်နော့် ဘဝကြီးထဲကို ဦးအလျင်အမြန် ဝင်ရောက်လာတာ မဆန်းပါဘူးလေ....ဦးက တစ်ဦးတည်းသော သားမို့ သူငယ်ချင်းများများစားစား မရှိ....ဦး ကျွန်တော့်အပေါ် လူကြီးတွေလစ်ချိန် အားပေးစကားတွေ လာပြောပြီး ​ရေသန့်ဘူးလေး လာလာ​ပေးတတ်တာလေးကို ကျွန်တော် နှစ်သက်တတ်နေပြီ လေ...ကျွန်တော် ရယ်စရာ ဟာသလေးတွေ ပြောပြတိုင်း မက်မက်မောမော ရယ်နေတတ်တဲ့ ဦးရဲ့ အပြုံးလေးတွေကိုလည်း ငေးမောကြည့်နေတတ်ပြီ။ ဦးက ကျွန်တော့်ကို တီတီတာတာသိပ်ပြောတတ်လွန်းတာကြောင့် ပူတူးလေး တဲ့....သူ တစ်ယောက်ထဲ သီးသန့်ခေါ်မည့် နာမည်တဲ့....ဘယ်လောက်ထိ ဆိုးလိုက်တဲ့ လူကြီးလဲ....

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now