နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-5

4.4K 244 0
                                    

#zawgyi

ခဏအကြာတော့ ရောင်ဝါ ကုတ်အကျီအနက် နက်ခ်တိုင်လေးနဲ့ ထွက်လာသည်။ လူကြိးဆန်အောင်ဘယ်လောက်ပဲ ဝတ်စားထားထား ကောင်းသတင်းမျက်လုံးထဲတော့ ကလေးတစ်ယောက်က လူကြီးအကျီ မတော်တရော်ကြီး ကောက်ဝတ်ထားသလိုကို မြင်နေမိသည်။

"သွားကြတော့မလား အကို..."

"အင်း...သွားကြမယ်"

ကောင်းသတင်း နှင့် ရောင်ဝါ တို့ အတူတူ ပါတီပွဲရှိရာသို့ သွားကြသည်။ ဟိုရောက်တော့ အလုပ်အကြောင်းပြောကြဆိုကြရင်း...ကောင်းသတင်း ရောင်ဝါ့ကို သိပ်သတိမထားမိလိုက်။ နှစ်နာရီလောက်ကြာတော့မှ ကောင်းသတင်း သူ့ကိုသတိထားမိပြီး လိုက်ရှာတော့ မောင်မင်းကြီးသား ဗလကြီးက စားပွဲပေါ်မှာ မှောက်တောင်နေပြီ။

"ဟာ...ရောင်ဝါ..ရောင်ဝါ..."

"ဗျာ....ဗျ"

ရောင်ဝါ မျက်လုံးကမပွင့်တပွင့် ရီကျဲကျဲလေးလုပ်ပြီး ပြောလိုက်သည်။

"အာ....တော်တော်ကိုမူးနေတာပဲကွာ...ဒီဗလကြီးကတော့ အကောင်သေးသလောက် တော်တော်ကို သောက်ထားတာပဲ...ကဲ..ထ..ထ..ရောင်ဝါ...သတိထားအုန်း..."

ကောင်းသတင်း ရောင်ဝါ့ကို တွဲထူလိုက်သည်။
Hotelဝန်ထမ်းများက

"ဆရာ ကျွန်တော်တို့ ခေါ်သွားပေးရမလား"

"ရတယ် ရတယ် ငါပဲတွဲသွားလိုက်မယ်..."

ဒယိမ်းဒယိုင် ဖြစ်နေတဲ့ရောင်ဝါ့ကို ကောင်းသတင်းကိုယ်တိုင်ပဲ သေသေချာချာတွဲပြိး အခန်းထဲခေါ်သွားလိုက်သည်။ အခန်းထဲရောက်တော့ ရောင်ဝါ့ ကို ကုတင်ပေါ် တင်လိုက်ပြီး

"ဟူး...ဒီကောင်လေးကတော့ "

ကောင်းသတင်း ရောင်ဝါ့ခြေထောက်နားမှာ ဒူးထောက်လိုက်ပြီး ရောင်ဝါ့ဖိနပ်များကို သေသေချာချာ ချွတ်ပေးလိုက်သည်။

"ဟူး....."

ကောင်းသတင်း ကုတင်ပေါ် အားရပါးရ လှဲချလိုက်ရင်း အမောဖြေလိုက်သည်။ ရောင်ဝါ့ဘက်ကို လှည့်ကြည့်လိုက်တော့......
ညဘက်မီးရောင် ဖျဖျအောက်မှာ ရောင်ဝါ့မျက်နှာလေးက အရောင်လက်လို့နေသည်။ အရက်သောက်ထားလို့ ရဲရဲလေးဖြစ်နေတဲ့ပါးလေး နှစ်ဖက်ကို ကောင်းသတင်း မရဲတရဲလေး ထိကြည့်လိုက်သည်။ အိအိစက်စက် ဖြစ်နေတဲ့ပါးလေး နှစ်ဖက်က သူ့ကိုအသက်ရှူတောင်မှားစေသည်။

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now