နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်းpart - 29

4K 149 0
                                    

#zawgyi

"ဘယ်မှသွားစရာမလိုဘူး....မောင်..."

"ရှေးရိုးဖြူ"

"ဪ...အခုတော့ ရှင်က ကျွန်မရဲ့ မောင့်ကို ရောင်ဝါနဲ့ ပြန်အောင်သွယ်ပေးနေတယ်ပေါ့ ဟုတ်လား "

"မင်းထင်ချင်သလို ထင်လို့ရတယ် ရှေးရိုးဖြူ အေး..ဒါပေမဲ့ ငါကတော့ အမှန်တရားကို သတင်းသိအောင် ပြောပြရမှာပဲ မင်းငါ့ကို ပြောခဲ့တုန်းက ပူတူးလေးမထိခိုက်စေရပါဘူးဆို အခုမင်းလုပ်ခဲ့တာက ငါ့ပူတူးလေးဆေးရုံတက်နေရတဲ့အထိပဲ..."

"ရှင် မောင့်ကို.."

"ငထူး ဆေးရုံဝမှာ ငါ့ကို ခဏစောင့်နေပါ ငါ ရောင်ဝါ့ဆီ လိုက်ခဲ့မယ်.."

ရှေးရိုးဖြူရဲ့ စကားကို ဖြတ်ပြီး ပြောလိုက်တာကြောင့် ဝဠာထူးလည်း ထွက်သွားပေးလိုက်သည်။ ရှေးရိုးဖြူကတော့ ပြူးတူးတူး ပြန်ကြည့်လျက်..

ဝဠာထူးနောက်က လိုက်သွားဖို့ဟန်ပေးနေတဲ့ ကောင်းသတင်းရဲ့လက်ကို ရှေးရိုးဖြူ လှမ်းဆွဲလိုက်သည်။

"မောင်..မောင်လိုက်သွားစရာ မလိုဘူးနော် မောင်က ရှေးယောကျာ်း.. မောင့်ကို ရှေးပိုင်တယ် မောင်လိုက်သွားစရာမလိုဘူး..ရှေးကို ပြန်ကြည့်ပေးပါမောင်ရယ်.."

"ပြန်ကြည့်ရမယ်...ဟုတ်လား ရှေးရိုးဖြူ..ငါက မင်းယောကျာ်းတဲ့လား..မင်းငါ့ကို အဲ့လိုတောင် သတ်မှတ်ခဲ့လား မင်းငါ့ကို စောက်ရူးတစ်ကောင်များ ထင်နေခဲ့သလား ငါ့မှာတော့ကွာ... ငါ့ရဲ့ သွေးသားလေးအတွက် ငါရင်ခုန်ခဲ့တာ အဝတ်အစားလေးတွေ ကြိုဝယ်ပြီး ကစားစရာလေးတွေ ကြိုဝယ်ပေးထားပြီး စောက်ရူးကြိးလို ဖြစ်နေတာကို မင်းက ငါ့နောက်ကွယ်ကနေ လှောင်ရယ်နေမှာပဲနော်...ငါ့ကို မင်းပိုင်တယ်တဲ့လား အေး...အဲ့တာက မင်းနဲ့ငါ လင်မယားဖြစ်နေတဲ့အချိန်အတွင်းပဲ ဟုတ်ကောင်းဟုတ်လိမ့်မယ် ငါမနက်ဖြန် ကွာရှင်းစာချုပ်ပို့လိုက်မယ်..ငါလွပ်လပ်ခွင့်နဲ့ ငါ့နှလုံးသားကို အိမ်ထောင်ရေးဆိုတဲ့စည်းနဲ့ လာမချုပ်ချယ်နဲ့..."

ရှေးရိုးဖြူရဲ့လက်ကို ခါချလိုက်ပြီး ထွက်သွားဟန်ပြင်တော့ ရှေးရိုးဖြူက ခါးကိုအတင်းဖက်ထားပြန်သည်။

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now