နှလုံးသားရဲ့ လမ်းညွှန်မှုအတိုင်း part-4

4.6K 261 5
                                    

#zawgyi
ကောင်းသတင်း ရင်ဘတ်ပေါ်လက်တင်ထားတာ မြင်တော့ ရိုးရောင်ဝါ စိတ်ပူသွားရင်း

"ဟင် ဘောစိ နေမကောင်းဘူးလား"

ရောင်ဝါ ကောင်းသတင်းရဲ့ နှဖူးကို သူ့လက်လေးနှင့် စမ်းကြည့်လိုက်သည်။

"အင်း.....ပူတော့သိပ်မပူပါဘူး"

ကောင်းသတင်း ရုတ်တရက် ရောင်ဝါ့လက်ကလေးကို လှမ်းယူလိုက်သည်။
သေသေချာချာ ဆုပ်ကိုင်ကြည့်ရင်း.....

"မင်း....ယောကျာ်းလေးမှ ဟုတ်ရဲ့လား... မင်းလက်လေးတွေက နုဖတ်နေတာပဲ "

ကောင်းသတင်းရဲ့အပြုအမူတွေကြောင့် ရောင်ဝါ့ရင်တွေခုန်ရသည်။  ရောင်ဝါ သူ့စိတ်ကိုသူထိန်းရင်း သူ့လက်တွေကို ပြန်ဆွဲယူလိုက်သည်။

"နောက်ကျ နေတော့မယ် ခရီးဆက်...ဆက်ရအောင်..ဘောစိ"

ကားပေါ်ပြန်တက်ထိုင်လိုက်ရင်း ပြောလိုက်သော ရောင်ဝါ့ကို ကောင်းသတင်ငေးစိုက် ကြည့်နေမိသည်။ ကောင်းသတင်းလည်း ဘာမှထပ်မပြောတော့ပဲ ကားကိုသာ ဆက်မောင်းနေလိုက်တော့သည်။ မနက်၇နာရီလောက်မာ သူတို့ ငွေဆောင်ကို ရောက်ကြသည်။ ကောင်းသတင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ရောင်ဝါ့ မျက်နှာလေးနားကပ်ပြီး လေသံတိုးတိုးလေးဖြင့်

"ရောင်ဝါ... ရောင်ဝါ...ရောက်ပြီနော် ထတော့လေ..."

"ဟင်...ရောက်ပြီလား.."

ရောင်ဝါမျက်လုံးလေးတွေ ဖွင့်လိုက်တော့ နီးနီးကပ်ကပ် ဖြစ်နေသော ကောင်းသတင်းရဲ့မျက်နှာကို သေသေချာချာလေး စိုက်ကြည့်လိုက်သည်။

(2020 latest နှိုးနည်းအသစ်လားဟင်😣😏)

အကြည့်ချင်းဆုံတော့ ရောင်ဝါ့ရင်ထဲမာ ဗြောင်းဆန်နေပြီလေ။

"အာ.....ဘောစိ"

မျက်နှာနားအရမ်းကပ်နေတဲ့ ကောင်းသတင်းကို တွန်းလိုက်ရင်း

"သား ဆင်းတော့မယ် "

ရောင်ဝါ ပြောပြောဆိုဆို နဲ့ပဲ ကားပေါ်ကအရင်ဆင်းသွားသည်။ သူရှက်ကိုးရှက်ကန်းဖစ်နေတာလေးက ကောင်းသတင်းကို တစ်မျိုးဖမ်းစားလို့နေပြန်သည်။ ကောင်းသတင်းလည်း ရှက်ကိုးရှက်ကန်းဖစ်နေတဲ့သူ့ကိုကြည့်ပြီး ခေါင်းလေးကုတ်ရင်း ရယ်မိသည်။

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now