နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part-28

3.9K 153 1
                                    

#zawgyi
ကားပေါ်မှာ မျက်နှာသေလေးနဲ့ ထိုင်နေတဲ့ ကောင်လေးကြောင့် ကျွန်တော့်မှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေမိသည်။ အသံတိတ် ငိုနေတဲ့ ကောင်လေးကို အနှောင့်အယှက်မပေးတော့ပဲ တိုက်ခန်းဆီသာ မောင်းလာခဲ့တော့သည်။

တိုက်ခန်းရောက်တော့...

"ပူတူးလေး..."

"သားအိပ်ချင်တယ် ဦး...သားကို တစ်ယောက်ထဲ ထားပေးပါလား..."

"အင်းပါ...အနားယူလိုက်အုန်းနော်.."

ကိုယ်အချစ်ရဆုံးလူတစ်ယောက် ကို ကိုယ်နဲ့ မဆိုင်သလို ပစ်ပစ်ခါခါ ပြောပြီး စွန့်ပစ်ရတာက ပူတူးလေးလို အသက်အရွယ် ငယ်တဲ့ ကောင်လေးတစ်ယောက်အတွက် အရမ်းခက်ခဲမည်ဆိုတာ ကျွန်တော်သိတာပေါ့...ရောင်ဝါ့ရဲ့ ဆုံးဖြတ်ချက်ကို ကျွန်တော် ဘာမှဝင်မစွက်ဖက်လိုပါ...

ကောင်းသတင်းကရော အခုအချိန် ဘာများဖြစ်နေမလဲ....

ပူတူးလေးက ကျွန်တော့်လက်ကို ဆွဲပြီး သတင်းရဲ့ ရုံးခန်းထဲကို ခေါ်လာတော့ မျက်နှာပူပူနဲ့သာ ဝင်လာခဲ့ရသည်။ ဒါကလည်း ပူတူးလေးက ကြိုပြီး အကူညီတောင်းထားတာကြောင့်ပါ..ရုံးခန်းထဲရောက်တော့ ငယ်ငယ်လေးကတည်းက ကျွန်တော်တစ်ခါမှ မမြင်ဖူးသော ပုံစံမျိုးနဲ့ ကောင်းသတင်းဆောင် အသစ်ကို တွေ့ရတဲ့အခါ အံ့သြမိသည်။ ကျွန်တော် အခုထိတောင် မြင်ယောင်နေမိသေးသည်။ ရဲရဲနီနေပြီး မျက်ရည်စတွေ တွဲခိုနေသော မျက်ဝန်းတစ်စုံ နှုတ်ခမ်းကို တင်းတင်းကိုက်ထားသော ကောင်းသတင်းရဲ့ပုံစံက ကျွန်တော့်ကို ဝါးမြိုတော့မလို အကြည့်တွေနှင့်

"မင်း ခဏရှောင်ပေးပါ ငထူး ငါတို့ရှင်းစရာလေးတွေ ရှိသေးလို့.."

ဟူသော ဒေါသအပြည့်နှင့် တားဆီးလိုက်သံတို့က အခုထိ ပြန်ကြားယောင်နေသေးသည်။ တစ်ဦးထဲသော ငယ်သူငယ်ချင်းရဲ့ အမုန်းကို ရရှိရတာက ကျွန်တော့်ကို နာကျင်စေသည်။

ကောင်းသတင်းဆောင်ရဲ့ မျက်လုံးတွေထဲမှာ နာကျင်မှုတွေ နှင့်အတူ အံ့သြမှုတွေကိုပါ တစ်ပြိုင်နက်တွေ့လိုက်ရတာကြောင့် ဝဠာထူးရဲ့ အတွေးတွေကို ရှုပ်ထွေးသွားစေသည်။ ဘယ်လိုမျိုးလဲ..ကောင်းသတင်း က တကယ်ပဲ ရောင်ဝါ့လို ယောကျာ်းလေး တစ်ယောက်ကို ချစ်မိသွားလေရော့သလား။ အခုအချိန်ကတော့ ပူတူးလေးရဲ့ နာကျင်မှုတွေကိုသာ အရင်ကုစားပေးချင်သည်။

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now