နှလုံးသားရဲ့လမ်းညွှန်မှုအတိုင်း part -20

3.7K 157 0
                                    

#zawgyi

မနက်မိုးလင်းတော့ ရုံးသွားဖို့ကို အမြန်ပြင်ဆင်ရသည်။

"ရှေး..."

"အင်း..မောင်.."

"မောင်..အလုပ်ကိစ္စနဲ့ ရှမ်းပြည်ဘက် ခရီးသွားစရာရှိတယ်... "

"ဟင်..မောင်ကလည်း လုပ်ပြန်ပြီ ချက်ချင်းကြီး..."

ရုတ်တရက် မျက်နှာလေး ငြှိုးကျသွားတဲ့ ရှေးအနားကို သွားလိုက်ပြီး ရှေးရဲ့နှဖူးပြင်ပေါ်မှ ဖြာကျနေတဲ့ ဆံနွယ်လေးတွေ ကိုသက်တင်ပေးရင်း

"မောင့်ရဲ့ အသစ်ထုတ်မဲ့productကိစ္စ တောင်ကြီးက ရှယ်ယာဝင်တွေနဲ့ တိုင်ပင်ဆွေးနွေးစရာ ရှိတာတွေ လုပ်ရမာမို့လို့ပါ ....နော်...ရှေး....မောင်က အပျော်သွားတာမှ မဟုတ်တာ...နော် စိတ်မဆိုးနဲ့တော့...မောင် ရှေးသူငယ်ချင်းကို အတူတူအိပ်ပေးဖို့ ခေါ်ထားပေးတယ်"

ကောင်းသတင်းက လေးလေးနက်နက်လေး ပြုံးပြီး ပြောတော့ ရှေး စိတ်ဆိုးပြဖို့ ခွန်အား မရှိတော့ပြီ....

"အင်းပါ...မောင်ရယ် အလုပ်ကိစ္စပဲ ရှေးက နားလည်ရမှာပေါ့ ဒါနဲ့ မောင်က ဘယ်နှစ်ရက်လောက် ကြာမှာလဲ.."

"သုံးလေးပတ်လောက်ပေါ့..."

"ဟွန်း...ရှေးတော့ လွမ်းနေရတော့မှာပဲ"

တကယ်တော့ ကောင်းသတင်း ရှေးရိုးဖြူကို လိမ်ပြောလိုက်ခြင်းပါ...သူ့ရဲ့ အချိန်အများစုကို ရိုးရောင်ဝါကို ပေးချင်သည်။ ရိုးရောင်ဝါနှင့် အတူ ကုန်ဆုံးချင်တာကြောင့် ရှေးရိုးဖြူပေါ် မတရားမှန်းသိပေမဲ့လည်း ထိုသို့ ပြောလိုက်ရခြင်းပင်...

"ဘယ်နေ့သွားမှာ..."

"ဒီည..."

"မောင်ကတော့လေ...လုပ်လိုက်ရင် အသဲအသန်ကြီးပဲ...."

"ဟီး...ဟီး.."

ကလေးလေးလို သွားထက်လေးပေါ်အောင် ရီပြတော့လည်း ရှေးရိုးဖြူမှာ ဆက်မဆူရက်တော့...

"အင်းပါ..."

............

ကောင်းသတင်း ရုံးရောက်တော့ ရောင်ဝါ့ကို သူ့စားပွဲမှာ မတွေ့....စိတ်ပူသည်။ မနေ့က ဖြူဖျော့ဖျော့ မျက်နှာလေးကိုသာ ပြေးပြေးမြင်နေမိသည်။ ကောင်းသတင်း ရုံးခန်းထဲက လှည့်ထွက်မည်လုပ်တော့ လွန်စွာ ရင်းရင်းနှီးနှီးရှိလှသော အမွှေးရနံ့လေး တစ်ခုက ကောင်းသတင်း ခြေလှမ်းတွေကို ရပ်တန့်စေသည်။

နှလုံးသားရဲ့ လမ်းညွှန်မှု အတိုင်း(The Way from the heart)Where stories live. Discover now