မာဆယ်ပိုင်

2.8K 247 9
                                    

ကျွန်မတွေးခဲ့ဖူးသည်။ တက္ကသိုလ်ကျောင်းသားဘဝဟာ ရင်ခုန်စရာတွေအပြည့်ဖြစ်လိမ့်မည်။ သူငယ်ချင်းတွေနဲ့ တပျော်တပါး စလိုက်နောက်လိုက်၊ ကန်တင်းတွေမှာ မုန့်စားလိုက်လုပ်နှင့် ဆယ်တန်းကနှင့်မတူ အများကြီးလွတ်လပ်လိမ့်မည်ပေါ့လေ။ ဒါပေမဲ့ အထင်နှင့်အမြင် ဝက်ဝက်စင်အောင် ကွဲခဲ့သည်။ အဖြူ၊ အစိမ်းနှင့် ကျောင်းမတက်ရတာကလွဲလျှင် ဘာမှသိပ်မကွာ။

ကားတိုးစီးရတာတွေ၊ ကားမှားစီးမိတာတွေ၊ ခါးပိုက်နှိုက်ခံရတာတွေ၊ မုန့်ဖိုးမလောက်လို့ အတိုးနဲ့ငွေချေးရတာတွေကို ကျောင်းတက်ပြီး တစ်လ၊ နှစ်လအတွင်းမှာပဲ အပြည့်အဝ ခံစားခဲ့ရပြီဖြစ်သည်။ ထို့အပြင် ဆယ်တန်းတုန်းကလိုပင် ကျောင်းရောက်တာနှင့် ခုံတန်းလျားမှာ တမေ့တမောထိုင်ကာ သင်ကြားသမျှကို နားလည်ချင်ဟန်ဆောင်ရသည်။ ဟိုခြစ်၊ ဒီခြစ်လုပ်ရင်း အချိန်ကုန်ရသည်။ ဖုန်းကို ခုံစားပွဲထဲထိုးထည့်ရင်း အတွဲချောင်းသလို ချောင်းကြည့်ရသည်။

တစ်ခါတစ်ရံ ဆရာ မလာမှသာ ပြည့်ဝသော လွတ်လပ်မှုဆိုတာကို ခံစားရသည်။ ယခုလို အချိန်မျိုးဖြစ်သည်။ ဒါပေမဲ့ ဘေးနားမှ ချစ်သူငယ်ချင်း ၀ါငယ်ကြောင့် ဖုန်းထဲမှ အဆင်လေးတွေကို ကောင်းကောင်းငမ်းခွင့်မရ။

"သွားစမ်းပါ မိဖြူရယ်။ နင်က ငါ့သူငယ်ချင်း မဟုတ်တာ ကျနေတာပဲ။"

"နင့်ဘာသာနင် သွားပါလား။"

"ငါ မသွားရဲလို့ပေါ့ဟ။"

"ချီးထုတ်မ။"

ကျွန်မ ဘယ်လောက်ပြောပြော ၀ါငယ် စိတ်မဆိုး။ ပခုံးကိုတွန်းတွန်းပြီး ဖုန်းကြည့်လို့မရအောင် လုပ်နေသည်။

"သွားပါဟာ။ အခုသွား စကားပြော။ အခုသူ့အနားမှာ ဘယ်သူမှမရှိဘူး။"

ကျွန်မတို့နှစ်ယောက်သည် တိုးတိုး တိုးတိုးနှင့် ခေါင်းချင်းဆိုင်ပြီး မဟုတ်မဟပ်တွေ တိုင်ပင်နေပုံရသည်။ တကယ်တော့ ဘာမှမဟုတ်။ ကျောင်းစတက်ကတည်းက ၀ါငယ် သဘောကျနေသည့် ကောင်လေးနှင့် စကားသွားပြောရန် ကျွန်မကို အတင်းတွန်းနေခြင်းဖြစ်သည်။

စကတည်းက မှားခဲ့သည်Donde viven las historias. Descúbrelo ahora