အပိုင်း ၅

1.4K 203 1
                                    

မိုးရွာလျှင် လွမ်းစရာကောင်းသည်။

ကောင်းကင်ပြင်သည် မှိုင်းမှိုင်းမှောင်နေသည်။ မြက်ပင်ငယ်များသည် ရွှဲရွှဲစိုနေသည်။ သစ်ရွက်များကြားမှ လိမ့်ဆင်းနေသော မိုးပေါက်များသည် စိုထိုင်းနေသော မြေပြင်ပေါ်သို့ အဆက်မပြတ် ကျဆင်းနေသည်။ သစ်ရွက်များပေါ် မိုးစက်ကျသံတဖြောက်ဖြောက်၊ မြေပြင်ထက်သို့ ကျသံ တပေါက်ပေါက်၊ အိမ်အမိုးသွပ်ပြားများထက် ကျဆင်းသံ တတောက်တောက်နှင့် အလွမ်းဓါတ်ခံရှိသူကို ဂီတသံများနှင့် ပံ့ပိုးပေးနေသလိုပင်။

ယခုအချိန်မှာတော့ မိုးရွာထဲမှာ လမ်းလျှောက်နေရသော်လည်း လွမ်းဖို့ထက် စိုးရွံ့မှုများဖြင့် ကျွန်မတစ်ကိုယ်လုံး ထူပူနေသည်။ ထီးကိုင်းကိုတင်းတင်းဆုပ်ရင်း ထဘီစွန်းက ဆွဲမထားရသည်။ ညိုညစ်ညစ်ရွှံ့ရေများကြား ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ထဘီနောက်ကို ရွှံ့စက်များ စင်ကုန်သည်။ ကျွန်မ ဂရုမစိုက်နိုင်။ ဘေးဘီဝဲယာကို အကဲခတ်ရင်း မိမိရှာဖွေနေသော အိမ်နံပါတ်ကိုသာ လိုက်ကြည့်ဖြစ်သည်။ ၀ါငယ်လည်း ကျွန်မဘေးမှာ ထီးတစ်ချောင်းနှင့် ပါလာသည်။ ကျွန်မလိုပင် အိမ်နံပါတ်များ အိမ်ပုံစံများကို ကူရှာပေးနေသည်။ ဂျပုပြောလိုက်သည့် အိမ်နံပါတ်သာမက တစ်ထပ်တိုက်၊ အနီရောင်သံပန်းတံခါးနဲ့ဆိုသည့် အမှတ်အသားများကို သတိထားလိုက်ရှာနေခြင်း ဖြစ်သည်။

"ဟဲ့ မိဖြူ.. ဟို အိမ်.."

မိုးသံက မကျယ်လောင်သောကြောင့် ၀ါငယ် ဝမ်းသာအားရပြောလိုက်သည်ကို ကျွန်မ ကြားလိုက်သည်။ မိုးစက်များကြားထဲမှ အနီရောင်ဆေးသုတ်ထားသော ကားဝင်ပေါက်သံပန်းတံခါးကြီးကို မြင်လိုက်ရသည်။

ဖြိုးကြီးတို့ရဲ့အိမ်။

ကျွန်မ ပျော်သွားသည်။ ဖြိုးသီဟ ကျောင်းမတက်တာ ကြာခဲ့ပြီ။ ဖုန်းဆက်လို့လည်းမရ။ ကျွန်မ စိတ်တွေပူကာ ဂျပုကိုမေးပြီး အိမ်အထိလိုက်လာခဲ့ခြင်းဖြစ်သည်။ ဘုနဲ့ဘောက်ပေမယ့် ကျွန်မကိုဆိုလျှင် သည်းခံကူညီတတ်လွန်းသည့် ၀ါငယ်ကပါ တစ်ယောက်တည်းစိတ်မချဆိုကာ အဖော်အဖြစ် လိုက်လာခဲ့သည်။

စကတည်းက မှားခဲ့သည်Where stories live. Discover now