အပိုင်း ၄

1.5K 201 6
                                    

ပထဝီဘာသာဆိုလျှင် နာမည်ကြားတာနဲ့ ကြောက်တဲ့ထဲမှာ ကျွန်မ ပါသည်။ ဘယ်လိုမှ ချစ်လို့မရတဲ့ ဘာသာရပ်တစ်ခုပင်။ မြန်မာပြည်မြေပုံကို သူများတွေဆွဲလျှင် ခါးထောက်ရပ်နေတဲ့ ပျိုဖြူမလေးလို လှလှလေးဖြစ်လာပေမယ့် ကျွန်မလက်ထဲရောက်လျှင်တော့ ဇာတွန့်အထပ်ထပ်နဲ့ ထဘီမနိုင် ပဝါမနိုင် အဘွားကြီး လေငန်းဆွဲနေသည့်ပုံ ဖြစ်သွားတတ်တာမျိုး။

ပြည်နယ်တွေ၊ တိုင်းတွေနှင့် မြို့ပြနာမည်တွေကိုလည်း ကျက်လိုက်၊ မေ့လိုက်၊ မှားလိုက်ပင်။ ပြည်နယ် ၇ ခု၊ တိုင်း ၇ ခုရှိသည်ဆိုတာမှလွဲလျှင် တခြားဘာမှ သေချာမသိ။ ဒါတောင် ၇ ချင်း တူနေလို့ဖြစ်သည်။ ပြည်နယ် ၇ ခု၊ တိုင်း ၈ ခုဆိုလျှင် ကျွန်မ မှတ်မိမှာမဟုတ်။ တစ်သက်လုံး ကျွန်မ မနှစ်သက်သည့် ပထဝီဘာသာရပ်ထဲမှ ပဲခူးတိုင်းသည် ယခုတက္ကသိုလ်ရောက်ပြီး ဒုတိယနှစ်ရောက်သည်အထိ နှောင့်ယှက်ဆဲ။

ပဲခူးတိုင်းထဲမှာပါသည့် ပဲခူးမြို့။

နာမည်ကြားရုံနှင့် မုန်းနေမိပြီဖြစ်သည်။ အဖြေကတော့ရှင်းပါသည်။ ပထမနှစ်ကတည်းက ကျွန်မ ချစ်မဝသည့် ကျွန်မ၏အခင်ဆုံးသူငယ်ချင်းဟု အများကသတ်မှတ်ထားသည့် ဖြိုးကြီး၏ ချစ်သူသည် ပဲခူးမြို့မှ ဖြစ်နေသောကြောင့်ပင်။

"ဖြိုးကြီး ကျောင်းပြေးပြန်ပြီဟ။"

စိုးပိုင်၏စကားကို ကျွန်မ ကြားနေရသည်။ ဖြိုးကြီးထိုင်နေမြဲဖြစ်သော ရှေ့ဆုံးတန်းခုံတွင် ဂျပုကောင်သာ ရှိသည်။ မြင်နေကြဖြစ်သော အဖြူရိပ်လေးကို မမြင်ရတော့ ကျွန်မ လွမ်းမိပြန်သည်။

ဒုတိယနှစ်ရောက်တော့လည်း ကျွန်မတို့အားလုံး တက္ကသိုလ်ပထမနှစ်တုန်းကလို အခင်အမင် မပျက်ကြပေမယ့် ဖြိုးကြီးကတော့ အရင်ကလိုမဟုတ်တော့ဘဲ မူပျက်လာသည်။ စာတော်ပေမယ့် ကျောင်းမှန်မှန်မတက်တော့။ အွန်လိုင်းပေါ်မှ ခင်မင်ပြီးရည်းစားဖြစ်ခဲ့သူ ချစ်သူအစ်မကြီးရှိရာ ပဲခူးသို့ အမြဲလိုလို သွားလည်နေတတ်သည်။ တစ်ခါတစ်ရံ ညအိပ်ညနေပင် သွားတတ်သေးသည်။

"ပဲခူးရောက်နေပြန်ပြီထင်တယ်။"

"သေချာတာပေါ့။"

စကတည်းက မှားခဲ့သည်Where stories live. Discover now