အပိုင်း ၆

1.4K 194 2
                                    

မြူးကြွသောဂီတသံသည် သုံးထပ်အဆောက်အဦးဖြစ်သော စျေးဝယ်ခန်းမကြီးအတွင်းမှာ ကျယ်လောင်စွာ ထွက်ပေါ်နေသည်။ အေးစိမ့်နေစေသည့် လေအေးပေးစက်ကြောင့် ပူအိုက်နေသော အပြင်မှလှမ်းဝင်လိုက်သည်နှင့် စိမ့်ခနဲ ကြက်သီးထသွားစေသည်။ စျေးဝယ်ခန်းမကြီး အဝင်ပေါက်ဝတွင် အလှကုန်ပစ္စည်းများ ကြော်ငြာနေသော ခပ်ငယ်ငယ် ခပ်ချောချော မိန်းကလေးနှစ်ယောက်က ကမ်းပေးသော ကြော်ငြာစာရွက်ကို ဖြိုးကြီး လှမ်းယူလိုက်သည်။ ကလေးမလေးနှစ်ယောက်ကို ပြုံးပြနှုတ်ဆက်လိုက်သေးသည်။

"ဖြိုးကြီး.. ဘာလို့ယူနေတာလဲဟ နင်အလှပြင်မလို့လား။"

၀ါငယ်က ရယ်သံနှင့်မေးတော့ ဖြိုးသီဟ မျက်လုံးပြူးသွားသည်။

"ဟာ.. မဟုတ်ပါဘူး။"

"ငယ်ငယ်ချောချောလေးတွေမို့ အားပေးတယ်ပေါ့။"

"၀ါငယ်ရာ.. သူတို့လည်း အလုပ်လုပ်နေတာ။ ငါ့အတွက်လည်း ဘာမှအပန်းကြီးတာ မဟုတ်ဘူး။"

ကျောင်းပိတ်ရက်ဖြစ်သောကြောင့် ကျွန်မတို့သုံးယောက် Shopping mall ထဲရောက်နေခြင်းဖြစ်သည်။ အဓိက တရားခံက ၀ါငယ်ဖြစ်သည်။ ဝယ်စရာရှိသည်ဆိုကာ ကျွန်မကို ဖုန်းဆက်ခေါ်သည်။ အထုပ်ဆွဲဖို့ အားကိုးရသည်ဆိုပြီး ဖြိုးသီဟကိုပါ ချောဆွဲဖို့ မမေ့ခဲ့။

"အပန်းကြီးတာပေါ့။ ကိုယ်လိုအပ်တဲ့ စာရွက်လည်းမဟုတ်ဘူး။ ဒါကြီးကို အမှိုက်ပုံးထဲ ပစ်ရဦးမယ်။ အမှိုက်ပုံး မတွေ့ရင် အိတ်ထဲထည့် တစ်လမ်းလုံးသယ်ရဦးမယ်။"

"၀ါငယ်ရာ။ ကလေးမလေးနှစ်ယောက်ဖက်ကိုလည်း ထည့်စဉ်းစားလေ။ သူတို့မှာ ဒီစာရွက်တွေဝေပေးရမယ့် တာဝန်ရှိတယ်။ ကျောင်းတစ်ဖက်နဲ့ အလုပ်လုပ်နေသူတွေလည်း ဖြစ်နိုင်တယ်။ လစာလေးမဖြစ်စလောက်နဲ့ လူတိုင်းကို ဒီကြော်ငြာစာရွက်တွေ ဝေနေရတာ။ အားလုံးက လိုလိုလားလား ယူသွားကြတာ မဟုတ်ဘူး။ တစ်ရွက်လျော့လည်း တစ်ရွက်ပေါ့ဟာ။"

"အဲ့ဒီလိုပြောကြေးဆို အကုန်အကျခံပြီး ကြော်ငြာစာရွက်တွေ ရင်းနှီးထားသူတွေအတွက်ကရော။ အခုမှ လုပ်ငန်းစနေတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ချေးငှားပြီး အရင်းအနှီးလုပ်ထားတာလည်း ဖြစ်နိုင်တာပဲ။ အခု နင်က အားနာပြီး စိတ်ထားကောင်းကောင်းနဲ့ ယူပေးလိုက်ပေမယ့် သူတို့လုပ်ငန်းအတွက် ဘယ်မှာအကျိုးရှိလို့လဲ။ တကယ်လိုချင်သူတစ်ယောက် လက်ထဲရောက်မှ အကျိုးရှိမယ့်ကိစ္စကို နင့်ကြောင့် ကြော်ငြာစာရွက် အလဟဿတွေ ဖြစ်ကုန်ပြီ။"

စကတည်းက မှားခဲ့သည်Dove le storie prendono vita. Scoprilo ora