အပိုင်း ၇

1.4K 194 1
                                    

ရုပ်ရှင်လက်မှတ်ဖြတ်ရန် တန်းစီနေသည့် ဖြိုးကြီးကို ကျွန်မ ငေးမကြည့်ဘဲ မနေနိုင်။ ရှင်းသန့်နေသည့် မျက်နှာပြင်က အဖုအပိန့်လုံးလုံးမရှိ။ မိန်းကလေးဖြစ်ပေမယ့် ဝက်ခြံများနှင့် ပြိုင်သတ်နေရသည့် ကျွန်မနှင့်တော့ ကွာသည်။ ကျွန်မ မျက်နှာပြင်မှ ဝက်ခြံများသည် မြီးကောင်ပေါက်အရွယ်ကတည်းက တွယ်ကပ်နေသည်မှာ ဘယ်မှမသွားတော့ဟု ဆုံးဖြတ်ထားဟန်တူသည်။ များများပေါက်ချိန်နှင့်၊ နည်းနည်းပေါက်ချိန်သာကွာသည်။ ပါးပြင်မှာ၊ နဖူးပြင်မှာ နားထင်မှာ နေရာမရွေး ပေါက်ချင်တိုင်းပေါက်ကြသည်။ နှာခေါင်းအောက်နားကတ်သတ်ပေါက်ပြီး ညှစ်ထုတ်မရ။ ကုတ်ဖဲ့မရနှင့် တောက်လျှောက်နာနေအောင်လည်း နှိပ်စက်တတ်သည်။

ဖြိုးကြီးမျက်နှာကတော့ ဝက်ခြံ၊ မှဲ့ခြောက်များ ရှင်းနေသည့်အပြင် ဖြူသန့်နေသည်။ အသားအရေ သိပ်ကြည်နေတာပဲဟု အသိအမှတ် မပြုဘဲမနေနိုင်။ အရပ်ကရှည်ပြီး ပိန်လည်းမပိန်၊ ဝလည်းမဝ။ သူ့ကိုယ်ခန္ဓာနှင့်သူ အချိုးကျသည်။ စိုးပိုင်လို ကြွက်သားအထစ်ထစ်နှင့် မဟုတ်ပေမယ့် ကျွန်မအတွက်တော့ ဖြိုးသီဟသည် ဆယ်ခါပြန် ပိုခန့်နေသည်။ မတ်တတ်ရပ်စောင့်နေရင်း လက်ထဲမှဖုန်းကို ငုံ့ကြည့်နေသည့် ဖြူဖြူခန့်ခန့် ဖြိုးကြီးပုံရိပ်သည် အိပ်မက်ထဲ ရောက်လာဦးလေမည်လားမသိ။

"ဟိတ် မိဖြူ။ ငုတ်တုတ်မေ့နေတာလား။"

၀ါငယ့်လက်ထဲမှ ကော်ဖီခွက်မှာ ကုန်နေပြီဖြစ်သည်။ အဝါရောင်လွင်လွင်မြန်မာအကျီင်္နှင့် အနက်နှင့်အဝါစင်းပါသော ထဘီစကပ်ဝတ်ထားသည့် ချစ်စရာ့ဝါငယ့်ကို မျက်စောင်းလှမ်းထိုးရင်း ဖြိုးကြီးရှိရာ ပြန်မျက်နှာမူလိုက်သည်။ ၀ါငယ်ဘယ်လောက်လှလှ ကျွန်မအတွက်တော့ ချီးထုပ်မလေးပင်။ ဒီမိန်းမမျက်နှာထက် ဖြိုးသီဟဆိုသည့် လူကို ငေးကြည့်ရတာ အရသာပိုရှိသည်။

"ဖြိုးကြီးနဲ့ အခုပြတ်သွားတဲ့ ကောင်မလေးက တော်တော်ကဲတာနော်.. ဟဲ့။"

ဖြိုးကြီးဆိုသည့်နာမည်ကြောင့် ကျွန်မ ၀ါငယ့်ကို ပြန်ကြည့်ဖြစ်သည်။

"သူ့ကောင်မလေး မဟုတ်ပါဘူးဆို။"

"ဘာဖြစ်ဖြစ်ဟာ။ ဒီလောက်တွဲနေကြတာ အားလုံးက ရည်းစားထင်တော့မှာပေါ့။ ကောင်မလေးက မြောက်ကြွ မြောက်ကြွနဲ့။ ငါတော့ ကြည့်မရဘူး။"

စကတည်းက မှားခဲ့သည်Where stories live. Discover now