ဇာတ်သိမ်းပိုင်း

3.8K 284 12
                                    

ကောင်းကင်ပြင်သည် မိုးသားမိုးတိမ်အပြည့်။ မိုးမရွာသော်လည်း မှုန်မှိုင်းနေသည်။ စိန်ပန်းပင်ကြီးသည် ရွက်နုရွက်သစ်များနှင့် လန်းဆန်းနေသည်။ ခုံတန်းလျားလေးနောက်မှ စက္ကူပန်းပွင့်လေးများသည်လည်း လေတိုက်တိုင်း ယိမ်းနွဲ့နေသည်။

ကျွန်မချစ်သော တက္ကသိုလ်ကြီး၏ ဘေးဘက်နံရံသားမြင့်ကြီးကို သစ်ပင်များကြားမှ ရိုးတိုးရိပ်တိတ် မြင်နေရသည်။ သစ်လွင်တောက်ပနေသည်တော့မဟုတ်။ ဆေးသုတ်ထားခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သောကြောင့် အရောင်မှိုင်းနေပြီး အချို့နေရာများတွင် ဆေးရောင်ပြယ်နေပြီဖြစ်သည်။ ကျွန်မအတွက်တော့ မည်းညစ်ညစ်ရေညှိကွက်များ ထင်ကျန်နေသည့် ဝရန်တာအောက်ခြေများသည်ပင် တစ်မျိုးလေးလှနေသည်။

"ဖြူ.."

"အင်း.."

ဒီခေါ်သံလေးကို ကျွန်မ ဘယ်လောက်မြတ်နိုးလည်းဆိုတာကို ကျွန်မရဲ့မင်းသားလေးကို တစ်နေ့နေ့တော့ ပြောပြချင်သေးသည်။ ဖြူစင်ငြိမ်းချမ်းမှုအပြည့်၊ နားလည်ခွင့်လွှတ်မှုအပြည့်။ ဖြိုးကြီးခေါ်သည့် ဖြူ ဆိုသည့် ဝေါဟာရလေးသည် အခြားသူများ၏ ခေါ်သံနှင့်မတူ။ ကျွန်မရင်ထဲတွင် သီးခြားသီးသန့် သိမ်းဆည်းထားနိုင်အောင် လှပါသည်။

"တိတ်လှချည်လား။"

"သြော်.. လွမ်းနေတာ။"

"ဟင်..ဘာဖြစ်လို့.."

"ကျောင်းကြီးကို လွမ်းနေတာ။"

"အရူးမလေး။ ငါတို့မှ ကျောင်းမပြီးသေးတာ။"

ကျွန်မတို့အားလုံး သိပ်မကြာခင် ဒီတက္ကသိုလ်ကျောင်းကြီးကို နှုတ်ဆက်ရတော့မည်။ နောက်ဆုံးနှစ်ကျောင်းသူ၊ ကျောင်းသားများအဖြစ် ရင့်ကျက်သော ကျောင်းသား၊ ကျောင်းသူကြီးများလို ဖြစ်နေပြီ။ လန်းဆန်းတက်ကြွနေသည့် ဂျူနီယာ ကျောင်းသားများကို လှမ်းကြည့်ရင်း လွမ်းသလိုလို ဆွေးသလိုလို ခံစားရသည်ကတော့ အမှန်ပင်။ အဖြစ်အပျက်တွေ စုံခဲ့သည့် ကျောင်းတော်ကြီး။ ပျော်ခဲ့ရ၊ ငိုခဲ့ရသည့် အချိန်တွေ။ ကျောင်းစာများ၊ စားမေးပွဲများနှင့် စိုးရိမ်သောကဖိစီးခဲ့မှုများ။ သူငယ်ချင်းများနှင့် အမှတ်တရများစွာ။

စကတည်းက မှားခဲ့သည်Where stories live. Discover now