စူပါဖြိုး

2.1K 242 10
                                    

ခြေတစ်လှမ်း ကုဋေတစ်သန်းဆိုတာ ကျွန်မ ကြားဖူးသည်။ အခုကျွန်မလျှောက်နေတဲ့ ခြေလှမ်းမျိုးတွေကတော့ ကဋေတစ်သန်း တန်ဖိုးမရှိပေမယ့် ၀ါငယ့်ဆီက ချေးထားတဲ့ ငွေတစ်သောင်း တန်တာတော့ သေချာသည်။ ခြေထောက်မှာ ခဲဆွဲထားသလို လေးနေပေမယ့် ကျောကို မီးပူစနဲ့ ထိုးနေသလို ပူစေတဲ့ ချစ်သူငယ်ချင်း ချီးထုပ်မရဲ့ အကြည့်ရဲရဲကြောင့် ရှေ့ကို မလှမ်းချင်လှမ်းချင်နဲ့ လှမ်းလာခဲ့ရသည်။

"ထိုင်မယ်နော်.."

အသံကို သကာရည်လောင်းပြီး ပြောပေမယ့် မောင်မောင်ဖြိုးက ကြားပင်မကြား။ ထပ်ပြောဖို့လည်း ခက်တာနှင့် ရှက်ရှက်နှင့် ဘေးနားမှာ ဝင်ထိုင်လိုက်ရသည်။ ကျွန်မကို ဘယ်သူမှ ကြည့်မနေပါဘူးဟု အားတင်းထားရသည်။ ဘေဘီကြွက်သားတွေကို အိပ်ရာကနှိုးနေတဲ့ ငပိုင်နဲ့ နှာခေါင်းမီးတောက်နေတဲ့ ၀ါငယ်ကတော့ ကျွန်မကို မျက်လုံးကျွတ်ထွက်မတတ် စိုက်ကြည့်နေကြသည်။ ဒီသတ္တဝါနှစ်ကောင်ကိုတော့ လူသားမျိုးနွယ်ထဲမှာ ထည့်မတွက်နိုင်။

ချီးထုပ်မ။ သူ့ပိုက်ဆံလေးချေးမိတာ မှားပါတယ်။ ကြောင်ချင်ရင်လည်း ကိုယ့်ဘာသာကြောင်တာ မဟုတ်ဘူး။ လူငှားနဲ့ ကြောင်တယ်။

ရှေ့ဆုံးတန်းမှာ လာထိုင်ရကတည်းက လူက ရင်မလုံသလို ခံစားနေရသည့်ကြားထဲ ယောက်ျားလေးတစ်ယောက်ကို ကိုယ်ကစပြီး မိတ်ဆက်ရဦးမည်ဖြစ်သောကြောင့် ချွေးကပြန်ချင်သည်။ မတတ်နိုင်။ တရားခံက ဖိနပ်ဖြစ်သည်။ လမ်းသွားရင်း ဖိနပ်ပျောက်တော့ ၀ါငယ့်ဆီမှ ပိုက်ဆံချေးကာ ဝယ်ခဲ့ရသည်။ အမေ့ကို ပြန်မတောင်းရဲသေး။ ပျောက်သွားသည့်ဖိနပ်က အသစ်ကြီးဖြစ်သည်။ ကျွန်မထုံးစံအတိုင်း မိုးသားတိမ်လေးတွေကိုငေးရင်း မင်းသားလေးကို စိတ်ကူးယဉ်ကာ လမ်းဘေးမြောင်းကိုမမြင်ခဲ့။ တစ်ရံပဲ ပျောက်သွားသောကြောင့် အမေက တစ်ဝက်လောက်ပဲ စိတ်ဆိုးမှာမဟုတ်။ ဒီတော့ ကျွန်မ ကြံရာမရဘဲ ချစ်တီးမဆီက ငွေချေးမိသည်။ အခုတော့ သူ့အကြွေးနှင့် လူမသိမ်းသွားတာတောင် ကျေးဇူးတင်ရဦးမည်။

"ဟိတ်.. နာမလည်ဘယ်လိုခေါ်လဲ။"

စားပွဲပေါ် မေးလေးထောက်၊ ခေါင်းလေးငဲ့ပြီး ပြုံးပြုံးလေး မေးဖြစ်သည်။ ဘိုးတော်က အခုမှ ကြားပုံရသည်။ ကျွန်မကို လှည့်ကြည့်သည်။

စကတည်းက မှားခဲ့သည်Donde viven las historias. Descúbrelo ahora