အပိုင်း ၃

1.5K 214 1
                                    

မျက်နှာမှာ ထုံးသုတ်ထားလျှင်ပင် ဒီလောက်နေရခက်မည်လားမသိ။ ကျွန်မ မနေတတ်။ ဘယ်လိုမှ မနေတတ်။ မိတ်ကပ်လိမ်းထားသော မျက်နှာကြီးတစ်ခုလုံးလေးနေသည်။ ချွေးတွေလည်း စိမ့်စိမ့်ထွက်လာသည်။ နှာခေါင်းအောက်နှင့် နှုတ်ခမ်းကြားတွင် ပိုဆိုးသည်။ တစ်ရှူးတွေတစ်ရွက်ပြီးတစ်ရွက် ထုတ်ပြီးသုတ်တာတောင် ချွေးထွက်မရပ်။

နှုတ်ခမ်းနီဆိုးထားသော နှုတ်ခမ်းများသည်လည်း ပိတ်ရမလို ဖွင့်ရမလိုနှင့် နေလို့မတတ်။ ထူအမ်းအမ်း ဖြစ်နေသည်။ မျက်တောင်ကော့ဆေးလိမ်းထားသော မျက်တောင်များကြောင့် မျက်လုံးတောင် ကောင်းကောင်းဖွင့်မရ။ ဒီကြားထဲ အလေ့အထမရှိသောကြောင့် မျက်လုံးများစပ်ကာ မျက်ရည်ကျချင်သည်။

"မိတ်ကပ်တွေ ဖျက်ရအောင် ၀ါငယ်ရယ်။ ငါမနေတတ်ဘူး။"

"နင်နော်။ ငါ ဒီလောက် အချိန်ကုန်ခံပြီး ပြင်ပေးထားတာကို။"

"ငါမှမနေတတ်တာ။"

"အစပိုင်း ဒီလိုပဲ။ နောက်ပိုင်း အသားကျသွားလိမ့်မယ်။"

ကျောင်းခန်းထဲ မဝင်ရဲသေး။ ကော်ရစ်ဒါထောင့်မှာ နှစ်ယောက်သား တိုးတိုးကြိတ်ကြိတ်ဖြစ်နေကြသည်။ သူမပြောထားသည့် စကားအတိုင်း ၀ါငယ်သည် မနက်အစောကြီး ကျွန်မအိမ်သို့ရောက်လာသည်။ အလှပြင်ပေးသည်။ အမေအိမ်မှာမရှိတာကိုပင် ကျေးဇူးတင်ရမည်။ ၀ါငယ်လုပ်ပေးသမျှ ငြိမ်ခံကာ စိတ်ပါလက်ပါနှင့် မိတ်ကပ်လိမ်းအလှပြင်နေသည့် ကျွန်မကိုမြင်လျှင် ကျွန်မအမေ သတိလစ်သွားလောက်သည်။

ကျွန်မသည် တစ်သက်လုံး အလှမပြင်ဖူးတာတော့မဟုတ်။ ငယ်ငယ်က မင်္ဂလာဆောင်သွားရမည် ဘာညာဆိုပြီး မေမေ အလှပြင်ပေးဖူးသည်။ ကျွန်မအသက် တစ်ဆယ်၊ ဆယ့်တစ်အရွယ်လောက်ဖြစ်မည်။ နှုတ်ခမ်းနီပျက်မည်ဆိုးကာ ကျွန်မ နှုတ်ခမ်းများကို မပိတ်တော့။ တစ်နေ့လုံး ဟစိ ဟစိနေကာ မင်္ဂလာဆောင်မှ ကျွေးမွေးသော အစာများကို ဘာမှလည်း မစားရဲ၊ မသောက်ရဲနေခဲ့သည်။ ကျွန်မအကြိုက်ဆုံးဖြစ်သည့် ရေခဲမုန့်ကို အရည်ပျော်သွားသည်အထိ ငုတ်တုတ်ထိုင်ကြည့်ကာ စိတ်ဆင်းရဲခံခဲ့ရသည်။

စကတည်းက မှားခဲ့သည်Onde histórias criam vida. Descubra agora