1

203K 9.2K 790
                                    

အမျိုးမျိုးသောကားတို့က အရှိန်မှန်မှန်ဖြင့် ရတနာပုံတက္ကသိုလ်ရှေ့သို့ ဆိုက်ရောက်လာကြသည်။ ကားတစ်စီးရောက်တိုင်း ကျောင်းသူကျောင်းသားတို့ရဲ့ ရယ်သံလွင်လွင်တို့က လေပြည်နှင့်အတူ ရတနာပုံတက္ကသိုလ်ဝန်းကျင်တစ်လျှောက် ပျံ့နှံ့သွားသည်။ မတွေ့တာကြာပြီဖြစ်သော ချစ်သူငယ်ချင်းများနှင့် အပြုံးဖြင့်အလွမ်းဖြေစကားဆိုသံ၊ ဒုတိယမိသားစုလို ချစ်ခင်ရင်းနှီးရပါသော သူငယ်ချင်းအချင်းချင်း ကျီစယ်စနောက်သံ၊ ချစ်သူနှစ်ဦးသား လက်တွဲကာ ပိတောက်လမ်း၌ လမ်းလျှောက်ရင်း ပြောဆိုသီကုံးကြပါသော ချစ်စကားသံ၊’‘မဂ်လာပါ ဆရာမ”တို့ဟူသော မြန်မာ့ဟန်နှင့်အညီ ဆရာ၊ဆရာမများအား နှုတ်ဆက်သံတို့က လပိုင်းကြာထိ ကျောင်းသူကျောင်းသားတို့ မရှိခဲ့လေတော့ ရတနာပုံတက္ကသိုလ်ကြီးအတွက် အထီးကျန်ခြင်းကင်းလွတ်ရာ အချိန်အခါဖြစ်လေသည်။ ထိုအသံတို့တစ်ဖန်အသက်ဝင်လာမှ ရတနာပုံတက္ကသိုလ်ကြီးလည်း ပြုံးနိုင်လေတော့သည်။

 “၁၂နာရီ၊၂နာရီ၊၃နာရီ၊၄နာရီ ကားထွက်တဲ့အချိန်တွေနော် အခန်းထဲလည်း ရောက်အောင် သွားကျဦး”

“ဟာ ဦးလေးကလည်း”

ကားဦးလေးကြီးရဲ့  ရွှတ်နောက်နောက်စကားကြောင့် ကားပေါ်ကဆင်းနေသည့် ကျောင်းသူတွေက ရှက်သောအသံဟန်ပြုသည်။ ရတနာပုံကျောင်းရှေ့ ရောက်ပြီဆိုတော့ ကားရှေ့ခေါင်းကနေ ကောင်းထက်ဘုန်း ဆင်းလာခဲ့သည်။ အတောင်စုံတပ်ပေးမည့် တက္ကသိုလ်မြေအနီးသို့ ခြေချလိုက်သည်နှင့် အပြုံးတစ်ခုအားပန်ဆင်မိ၏။

ကောင်းထက်က တက္ကသိုလ်ကျောင်းကြီးကို ရှေးရှူကြည့်လျက် သူ့ရဲ့ တက္ကသိုလ် ကျောင်းသားဘဝက မည်သို့မည်ပုံဖြစ်မလဲဆိုတာ တွေးတောမိသည်။ပျော်စရာတော့ ကောင်းလောက်မှာပါ။ ကြုံရမည့် အတွေ့အကြုံအသစ်တွေ၊ ဆုံရမည့် သူငယ်ချင်းအသစ်တွေ၊ ကျင်လည်ရမည့် နေရာအသစ်တွေစသည်ဖြင့် အရာအားလုံးဟာ အသစ်ဟူသော ဂုဏ်ပုဒ်ဆောင် နေလိမ့်မည်။ ထိုအသစ်ဖြစ်သောလောကမှာ ကျင့်သားရပြီး ပျော်ပျော်ရွှင်ရွှင်ဖြစ်ဖို့တော့ အချိန်အနည်းငယ်ပေးရပေမည်။

Oh my god!!!!(Completed)Where stories live. Discover now