20

40.7K 5.5K 727
                                    

“လက်ကို ချိုးမယ် ပြီးရင် ရှန်းဆစ်က ကောင်းထက်လက်ကို ဆွဲပြီးခေါ်လိုက်မယ်”

ရှန်းဆစ်နှင့်လွန်းမာန်အကြားတွင် ကောင်းထက်က လက်နှစ်ဖက်ကို ညာဘက်သို့ဆန့်ထုတ် လက်ဆစ်ချိုး၍ဒူးကွေးကာ သံစဉ်အတိုင်းစီးမျော၍ ကဟန်ကို လှုပ်လီလှုပ်လဲ့ပုံဖော်နေသည်။ ရှန်းဆစ်က နွေသစ်ရဲ့ စကားအတိုင်း ခြေလှမ်းမှန်မှန် လက်ဆစ်အချို့အားချိုးက၍ ကောင်းထက်အနောက်သို့သွားကာ သူ့လက်တစ်ဖက်က ကောင်းထက်ညာဘက်လက်ကိုကိုင် တစ်ဖက်က ကောင်းထက်ခါးကိုဖက်လိုက်သည်။ လုံးဝ နီးနီးကပ်ကပ်ရှိသွားသည့်အတွက် မနေတတ်သော ကောင်းထက်က ပခုံးကျုံ့သွားကာ ရှေ့သို့ အနည်းငယ်တိုးသွားသည်။

“ဟုတ်ပြီ ဒီဘက်ကို ပြိုင်တူလျှောက်လာရမယ်”

ရှန်းဆစ်က ကောင်းထက်လက်ကိုကိုင်၊ ကောင်းထက်ခါးကိုဖက်ထားလျက်ပင် ထပ်တူညီသောခြေလှမ်းအချို့နှင့် ဝေလွန်းမာန်နှင့်ဝေးရာသို့ ခေါ်သွားသည်။ လျှောက်နေသည့်အချိန်တော့ ကောင်းထက်ခါးအား ပိုတင်းတင်းဖက်လိုက်၍ ခန္ဓာကိုယ်နှစ်ခုအား နီးနီကပ်ကပ်ဖြစ်လေအောင် ဆွဲယူလိုက်သည်။ ယစ်မူးရသည့် ကောင်းထက်ရဲ့ မွှေးသက်သက်အနံ့လေးက သူ့နှာခေါင်းဝမှာ လာကျီစယ်သည့်အခါ လောကီစည်းစိမ် တစ်ခုကို ခံစားရသည့်နှယ်။ ပိုင်ဆိုင်ချင်လွန်းသည့်စိတ်ကို ဖျောက်မရနိုင်။

“ဟုတ်ပြီ ဒီသံစဉ်ရောက်ရင် အယ့်”

လွန်းမာန်က နွေသစ်စကားမဆုံးခင် ကကွက်တစ်ချို့ကို သံစဉ်အတိုင်း အတူစီးမျောကကာ ရှန်းဆစ်လက်ထဲကကောင်းထက်ကို သူ့ဆီဆွဲခေါ်ကာ ခပ်ဝေးဝေးသို့သွားလိုက်သည်။

“နင် လေ့ကျင့်လာခဲ့တာလား”

နွေသစ် မေးလိုက်သည်။ 

“အေး ”

noahပေါင်ပေါ် ခေါင်းအုံးနေသည့် နိုးနိုင်ပင် အကိုဝေလွန်း၏ သဝန်တိုမှုကြီးကြောင့် ပါးစပ်ကို လက်ဖြင့်အုပ်ကာ သဘောတကျရယ်လိုက်မိသည်။ အမနွေသစ်သည် ကြံတိုင်းအောင်ပင်။

“ဪ”

နွေသစ် ဪသာ တနိုင်သည်။ ဆိုတော့ လွန်းမာန်က ကိုယ့်ကိုယ်ကို ဂုဏ်ယူမိသွားသည်။ ယခုလို ဖြစ်မယ်ဆိုတာ ကြိုသိပြီးသားပေ။ ဒါကြောင့်  ဟိုကောင့်လက်ထဲ တိုက်ပုံကြာကြာမရှိဖို့အရေး သူက ကကွက်တွေ အရင်ရနေမှဖြစ်မည်ကြောင့် ကြိုတင်လေ့ကျင့်ထားတာပင်။ မြွေမြွေချင်း 

Oh my god!!!!(Completed)Where stories live. Discover now